Pages

Monday, July 22, 2013

မန္တလေးတွင် ၉၆၉ ဆရာတော်ဝီရသူ တရားပွဲတွင် ကားဘီးပေါက်ကွဲမှုဖြစ်ပွား

မန္တလေး ၊ ဇူလိုင် ၂၁

၂၁-၇-၁၃ ည(၁၀)နာရီ ခန့်က ပေါက်ကွဲသံ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဗုံးပေါက်ကွဲ မှု မဟုတ်ပဲ ၊ မန္တလေး ၃၆လမ်း ၊ ၈၄×၈၅လမ်းကြားရှိ အေးမေတ္တာဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင် (၇က/၃၀၂၀) အဖြူရောင် ဆလွန်းကား ရပ်တန့်ထားစဉ် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး တာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြပြီးနောက် သာမန်ပေါက်ကွဲမှု
 ဖြစ်ကြောင်း သိရသည် ။" ဗုံးဆိုရင်ကားကဒီထက်ပျက်စီးမယ် ၊ နောက် အောက်မှာဓါတ်ဆီတွေ ယိုနေတာ မီးလောင်မှာပေါ့ ၊ ခုတော့
 ဘေးမှာ မီးသတ်တွေလည်း အသင့်စောင့်နေတယ် " ဟု မျက်မြင်တစ်ဦးက ပြောပြသည် ။

" ကျွန်တော်တို့ အတည်ပြုပြီးရင် ပြောပါမယ် ၊ ခုလောလောဆယ် စစ်ဆေးနေဆဲပါ " ဟု ရဲအရာရှိတစ်ဦးမှ
 ပြောကြားသည် ။

နောက်ဆက်တွဲ သတင်းအရ အသေးစား ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ကြောင်း ကြားသိရသည် ။


RangonNewsDaily
kolatt (Pabedan): 22.7.2013

0 comments:

Post a Comment