Pages

Saturday, June 1, 2013

ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိသေဆုံး

၁.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် လှည်းကူးမြို့နယ်၊
ညောင်ကုန်းကျေးရွာတွင် ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိ

သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

သိန်းအောင်၊(ဘ)ဦးအောင်သိုင်း သည် သားဖြစ်သူ ပြည့်စုံဖြိုး၊(၄)နှစ်အား ဆိုင်ကယ်ရှေ့၎င်း၏ရင်ခွင်အတွင်း
ထား၍ စီးနင်းလာစဉ် ရဲထွန်း(ဘ)ဦးရာသောင်းမောင်းနှင်လာသော န/၁၁၅၂ TEယာဉ်သည် ၀ဲဘက်မှကျော်
တက်စဉ် သိန်းအောင် စီးနင်းသည့်ဆိုင်ကယ်မှာ ယာဉ်ကျော်တက်သည့်အရှိန်ကြောင့် ယိမ်းယိုင်သွားသဖြင့်
ရင်ခွင်အတွင်းမှ ကလေးငယ်ပြည့်စုံဖြိုးမှာ ၀ဲဘက်သို့ပြုတ်ကျခဲ့ရာ ယာဉ်၏ယာဘက် နောက်ဘီးဖြင့်ကြိတ်မိ

၍ ဦးခေါင်းကြေမွသေဆုံးခဲ့သဖြင့် ယာဉ်မောင်းသူရဲထွန်းနှင့် ဆိုင်ကယ်မောင်းနှင်သူသိန်းအောင်တို့နှစ်ဦး
အား ငါးဆူတောင်နယ်မြေရဲစခန်းတွင် အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , Rangonnewsdaily
ကိုလတ်(ပန်ဘဲတန်း):1.6.2013

0 comments:

Post a Comment