Pages

Saturday, June 1, 2013

၂၀၁၃ ခုနှစ်အတွက် အနောက်တောင်မုတ်သုံလေ တနိုင်ငံလုံးကို ၀င်ရောက်ပြီ


၁-၆-၂၀၁၃ ရက်

မေလ(၃၀-၃၁)ရက်နေ့မှာ အနောက်တောင်မုတ်သုံလေဟာ ကျန်ရှိနေသေး တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို လုံးဝ ၀င်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါဟာလည်း ဘင်္ဂလားပင်လယ်အော်ထဲမှာ ပြီးခဲ့တဲ့ရက်တွေကဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း 94B ရဲ့ ကုန်းတွင်းပိုင်းအတွင်း ရွေ့လျှားလာခဲ့မှုကြောင့်ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ မုတ်သုံအ၀င်ကို
မြန်မာနိုင်ငံတောင်ပိုင်းကို မေလ(၁၇-၁၉)
မြစ်ဝကျွန်းပေါ်ဒေသကို မေလ(၂၅-၂၆)
မြန်မာနိုင်ငံအလယ်ပိုင်းကို မေလ၉၂၇-၂၉)
မြန်မာနိုင်ငံမြောက်ပိုင်းကို မေလ(၃၀-၃၁)

နေ့တွေမှာ ၀င်ရေက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသများအတွက် မုတ်သုံလေ၀င်ရောက်မှုဟာ (၁၀)ရက်ခန့်နောက်ကျခဲ့ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
နံနက် ၁၀း၅၅ နာရီ၊ စင်္ကာပူ။
Rangonnewsdaily
RND:  :1.6.2013
 

0 comments:

Post a Comment