Pages

Tuesday, May 7, 2013

ယနေ့ လူငယ်များကို အတုယူမှားစေတော့မည့် လူမိုက်ကျောင်းသား (သို့မဟုတ်) ရဲမင်းဦး

ယနေ့ လူငယ်များကို အတုယူမှားစေတော့မည့် လူမိုက်ကျောင်းသား (သို့မဟုတ်) ရဲမင်းဦး
===================================================
ယခင်တုန်းက တော့ ကျေးရွာတစ်ရွာက လူငယ်လေး၊ စာသင်ဖို့အတွက် ရန်ကုန် ဘုန်းကြီးကျောင်းကို ရောက်သည်။ အသက် (၂၆) နှစ်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သား ဟု ဆိုသည်။ အောင် မည့် အနေအထား မသေချာချိန် နောက်ဆုံးနှစ် ပီသစွာဖြင့် နောက်ဆုံးနှစ်များကို ဆက်တိုက် ဖြတ်သန်းသည်။ မအေမိဘက ပညာတတ်စေချင်မည်။ သူများလို ၁၆ နှစ်တွင် ဆယ်တန်း အောင်ပါက ၂၀၊၂၁ တွင် ဘွဲ့ရပြီ။ သူက တော့ အသက် ၂၆ ကျော်လာသော်လည်း ဘွဲ့မရ ကျောင်းသားခေါင်းဆောင် လမ်းကို ရွေးခဲ့သည်။

အသက် ၂၆ နှစ် အရွယ် လူငယ်တစ်ယောက်၏ အလုပ်အကိုင်က ၂၀၀၇ ကျောင်းသား၊ ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး သာ ဖြစ်သည်။ ထိုရာထူးသည် လုပ်စားစရာ ရာထူး၊ စာမသင် စာမလုပ်ချင်ဘဲ ဆူပူသူများ အသုံးချသည့် ရာထူးဖြစ်သည်။ သို့သော် ယခုတွင်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အစိုးရမှ တရားစွဲဆိုထားကာ ပြစ်မှု ထင်ရှားပါက ထောင်(၂)နှစ် (သို့မဟုတ်) ငွေ ၁ သောင်းကျခံရမည် ဖြစ် သည်။ စာသင်သည့် အချိန်တွင် စာမသင်၊ ဘွဲ့ရသင့်သည့် အချိန်တွင်လည်း ဘွဲ့မရ၊ မိမိကိုယ်တိုင်လည်း အသုံး မကျ၊ သူတစ် ပါးအတွက်လည်း အကျိုးမရှိသည့် ကျောင်းသားများ မြန်မာနိုင်ငံတွင် ဘယ်လောက် များနေပြီလဲ။

ဆူပူမှု ဖြစ်အောင် ဖန်တီးသည်။ ဘာသာရေးကို အကြောင်းပြ ဆူပူသည်။ မဟုတ်ပါ၊ မကျူး လွန်ပါဟု ပြောနေ သော်လည်း နောက်မှ လိုက်ပါနေသည့် လူအုပ်နှင့် ဆက်လက်ဆူပူနေကြသည့် လူအုပ်များကို ကြည့်လိုက်ပါက အပြစ်ကျူးလွန်မှု ရှိမရှိကို အဖြေရှာရန် ပင် မလိုတော့။ အိမ်ထဲတွင် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်စာကိုယ် ကြိုးစားသည့် ဘယ်ကျောင်းသားမှ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ပုဒ်မ မထိ။ မဆူပူ၊ အပြစ် မကျူးလွန် သည့် ကျောင်းသားမှန်သမျှ ဘာအမှုနှင့်မှ တရားမစွဲ။ လိမ္မာရေးခြား ရှိသည့် ကျောင်းသား မတော်တဆ ပြစ်မှု ကျူးလွန်မိ၊ မှားယွင်းစွပ်စွဲမိလျှင်ပင် ဆန္ဒပြ ဆူပူမှု မရှိ၊ ဥပဒေဘောင်အတွင်းက ဖြေရှင်းရင်း မည်သူမှ သိလိုက် မည်ပင် မဟုတ်ပါ။

ယခုတော့ ကျောင်းမပြီးနိုင်သည့် ကျောင်းသားများက ကျောင်းသားငယ်များကို စည်းရုံးသည်။ တကသ၊ ဗကသ အဖွဲ့များဖွဲ့ကာ ခွပ်ဒေါင်းအလံ တကားကားဖြင့် သွေးဆူအောင် လုပ်ကြသည်။ မိဘ ဆိုဆုံးမ မနိုင်သည့် သားသမီးများ လမ်းပေါ်ရောက်ကြသည်။ ကျောင်းသား ဘ၀ ကျောင်းသားတာဝန် မကျေကြ။ နိုင်ငံအတွက် လည်း နစ်နာသည်။ မိသားစု အတွက်လည်း နစ်နာသည်။

ဆူပူပြီးနောက် ပြဿနာ တက်လာသည့် အခါ လူမျိုးရေးကို အသုံးချလာကြသည်။ ဘယ်တိုင်းရင်းသား ဖြစ်သည်၊ ဘယ်တိုင်းရင်းသား ကျောင်းသား ဖြစ်သည် ဆိုကာ တိုင်းရင်းသား၊ ကျောင်းသား ခေါင်းစဉ်တပ် ပေးကြသည်။ ခွေးထက်မိုက်၍ ခွပ်ဒေါင်းအလံခြုံအိပ်ကာ ဆူပူမှုကို ဖန်တီးသည့် ရဲမင်းဦး ကဲ့သို့သော ကျောင်းမပြီးနိုင် တော့သည့် ကျောင်းသားကို အရေးမယူနိုင်ပါက မြန်မာ့ ကျောင်းသားတို့ စာကောင်းကောင်း သင်ရမည် မဟုတ်ပေ။

Oppositeyes

ယခင်တုန်းက တော့ ကျေးရွာတစ်ရွာကလူငယ်လေး၊စာသင်ဖို့အတွက်ရန်ကုန်ဘုန်းကြီးကျောင်းကို ရောက်
သည်။ အသက် (၂၆) နှစ်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သား ဟု ဆိုသည်။ အောင် မည့် အနေအထား မသေချာချိန် နောက်ဆုံးနှစ် ပီသစွာဖြင့် နောက်ဆုံးနှစ်များကို ဆက်တိုက် ဖြတ်သန်းသည်။ မအေမိဘက ပညာတတ်စေချင်မည်။ သူများလို ၁၆ နှစ်တွင် ဆယ်တန်း အောင်ပါက ၂၀၊၂၁ တွင် ဘွဲ့ရပြီ။ သူက တော့ အသက် ၂၆ ကျော်လာသော်လည်း ဘွဲ့မရ ကျောင်းသားခေါင်းဆောင် လမ်းကို ရွေးခဲ့သည်။ အသက် ၂၆ နှစ် အရွယ် လူငယ်တစ်ယောက်၏ အလုပ်အကိုင်က ၂၀၀၇ ကျောင်းသား၊ ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး သာ ဖြစ်သည်။ ထိုရာထူးသည် လုပ်စားစရာ ရာထူး၊ စာမသင် စာမလုပ်ချင်ဘဲ ဆူပူသူများ အ
သုံးချသည့်ရာထူးဖြစ်သည်။သို့သော်ယခုတွင်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့်
အစိုးရမှ တရားစွဲဆိုထားကာ ပြစ်မှု ထင်ရှားပါက ထောင်(၂)နှစ် (သို့မဟုတ်) ငွေ ၁ သောင်းကျခံရမည် ဖြစ် သည်။ စာသင်သည့် အချိန်တွင် စာမသင်၊ ဘွဲ့ရသင့်သည့် အချိန်တွင်လည်း ဘွဲ့မရ၊ မိမိကိုယ်တိုင်လည်း အ
သုံး မကျ၊ သူတစ် ပါးအတွက်လည်း အကျိုးမရှိသည့် ကျောင်းသားများ မြန်မာနိုင်ငံတွင် ဘယ်လောက် များ
နေပြီလဲ။

ဆူပူမှု ဖြစ်အောင်ဖန်တီးသည်။ဘာသာရေးကိုအကြောင်းပြဆူပူသည်။ မဟုတ်ပါ၊မကျူးလွန်ပါဟု ပြောနေ
သော်လည်း နောက်မှ လိုက်ပါနေသည့် လူအုပ်နှင့် ဆက်လက်ဆူပူနေကြသည့် လူအုပ်များကို ကြည့်လိုက်
ပါက အပြစ်ကျူးလွန်မှု ရှိမရှိကို အဖြေရှာရန် ပင် မလိုတော့။ အိမ်ထဲတွင် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်စာ
ကိုယ် ကြိုးစားသည့်ဘယ်ကျောင်းသားမှ နိုင်ငံတော်အကြည်ညိုပျက်စေသည့်ပုဒ်မမထိ။မဆူပူ၊ အပြစ်မကျူး
လွန် သည့် ကျောင်းသားမှန်သမျှ ဘာအမှုနှင့်မှ တရားမစွဲ။ လိမ္မာရေးခြား ရှိသည့် ကျောင်းသား မတော်တဆ
 ပြစ်မှု ကျူးလွန်မိ၊ မှားယွင်းစွပ်စွဲမိလျှင်ပင် ဆန္ဒပြ ဆူပူမှု မရှိ၊ ဥပဒေဘောင်အတွင်းက ဖြေရှင်းရင်း မည်သူမှ သိလိုက် မည်ပင် မဟုတ်ပါ။

ယခုတော့ ကျောင်းမပြီးနိုင်သည့် ကျောင်းသားများက ကျောင်းသားငယ်များကို စည်းရုံးသည်။ တကသ၊ ဗက
သ အဖွဲ့များဖွဲ့ကာ ခွပ်ဒေါင်းအလံ တကားကားဖြင့် သွေးဆူအောင် လုပ်ကြသည်။ မိဘ ဆိုဆုံးမ မနိုင်သည့် သားသမီးများ လမ်းပေါ်ရောက်ကြသည်။ ကျောင်းသား ဘ၀ ကျောင်းသားတာဝန် မကျေကြ။ နိုင်ငံအတွက် လည်း နစ်နာသည်။ မိသားစု အတွက်လည်း နစ်နာသည်။

ဆူပူပြီးနောက် ပြဿနာ တက်လာသည့် အခါ လူမျိုးရေးကို အသုံးချလာကြသည်။ ဘယ်တိုင်းရင်းသား ဖြစ်
သည်၊ဘယ်တိုင်းရင်းသား ကျောင်းသား ဖြစ်သည်ဆိုကာတိုင်းရင်းသား၊ ကျောင်းသား ခေါင်းစဉ်တပ် ပေးကြ
သည်။ ခွေးထက်မိုက်၍ခွပ်ဒေါင်းအလံခြုံအိပ်ကာဆူပူမှုကိုဖန်တီးသည့် ရဲမင်းဦး ကဲ့သို့သော ကျောင်းမပြီးနိုင်
တော့သည့် ကျောင်းသားကို အရေးမယူနိုင်ပါက မြန်မာ့ ကျောင်းသားတို့ စာကောင်းကောင်း သင်ရမည် မ
ဟုတ်ပေ။

Oppositeyes , Rangonnewsdaily
RND:  :7.5.2013

0 comments:

Post a Comment