Pages

Tuesday, May 7, 2013

ထန်းတစ်ပင်တွင်လေပြင်းများ တိုက်ခတ်သစ်ပင်များလဲ အိမ်များပျက်

ရန်ကုန်မြို့၊ ထန်းတစ်ပင်မြို့တွင် လေပြင်းများ တိုက်ခတ်သောကြောင့် ရွှေပြည်သာ - ထန်းတစ်ပင် လမ်းတစ်လျောက်ရှိ သစ်ပင်များလဲ၍ လမ်းပိတ်ဆို့မှုများ ဖြစ်သွားပြီး ထန်းတစ် ပင်မြို့ရှိ နေအိမ်များလည်း ပျက်စီးမှုများရှိကြောင်း သိရသည်။ အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ထန်းတစ်ပင်မြို့တွင် လူနေအိမ် ၁၅လုံးခန့်သည် အိမ်ခေါင်မိုးများ ပြုတ်ထွက်ခြင်း၊ဝါးထရံများ ကွာကျခြင်း စသဖြင့် ပျက်စီးမှုများဖြစ်သွားပြီး ညတွင်ခြင်း နေထိုင်နိုင်ရန် ပြန်လည်ပြန်ဆင်မှုများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

၎င်းထန်းတစ်ပင်မြို့အပြင် ရွှေပြည်သာ - ထန်းတစ်ပင် လမ်းတစ်လျောက်တွင် ရှိနေေ
သာ သဲဖြူကျေးရွာ၊ သံပရာကုန်း၊ ရိုးခွ၊ အေးရွာကလေး၊ ကျောင်းကုန်း စသောကျေးရွာများ တွင်လည်း လေပြင်းများတိုက်ခတ် သွားသောကြာင့် အပျက်အစီးများ ရှိနိုင်ကြောင်း လမ်းတစ်လျောက် မြင်တွေ့သူ တစ်ဦးက ပြောကြားသည်။

The Myanmar Age , Rangonnewsdaily
RND:  :7.5.2013

0 comments:

Post a Comment