Pages

Sunday, May 19, 2013

ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ


Sunday, May 19, 2013

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ ဗိုလ်သိန်းစိန်ဟာ
ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံနေစဉ်မှာ မြန်မာနိုင်ငံမှာစစ်မှန်တဲ့ ပြုပြင်
ပာင်းလဲမှုတွေ တကယ်လုပ်ဖို့၊ နိုင်ငံတကာကို လိမ်ညာနေတာတွေကို ရပ်တန့်ဖို့၊ တိုင်းပြည်ဆင်းရဲနေတာ စစ်အုပ်စုရဲ့ တိုင်းပြည်လူထုဆန္ဒတွေကို ပိတ်ဆို့ထားတာမို့ ဖြစ်နေရတာဖြစ်ကြောင်း အမေရိကားရောက်
 မြန်မာတွေက စုပေါင်း ဆန္ဒပြကြခြင်းဖြစ်ပါတယ်။
"သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" "သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" "သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" ဆိုတဲ့ အမေရိကားရောက် မြန်မာတွေဆန္ဒပြ ကြွေးကြော်သံဟာ ဗိုလ်သိန်းစိန် ရဲ့ နားထဲ စူးနစ်ဝင်ရောက်
သွားမှာ သေချာပါတယ်။"စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ပါ" "လိမ်ညာမှုတွေ ရပ်တန်းကရပ်ပါ"

ဗိုလ်သိန်းစိန် က အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အဓိက အနေနဲ့ အ
ရေးယူပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးဖို့ကိစ္စမှာ သူကိုယ်တိုင် လာပြီးတော့၊ တွေ့ဆုံပြီးတော့ ပြောသွား
တယ်လို့သိရှိရပါတယ်။ ဒီခရီးစဉ်မှာ ဗိုလ်သိန်းစိန် နဲ့အတူ ၀န်ကြီး ၄ ယောက်ဒုတိယ၀န်ကြီးများလိုက်ပါလာ
ပါတယ်။ ဒါတင်မက ပြည်တွင်းက ရုပ်မြင်သံကြားဌာနတွေ၊ သတင်းဌာနတွေလည်း ဗိုလ်သိန်းစိန် နဲ့အတူ လိုက်ပါလာတာမြင်ရပါတယ်။

ဗိုလ်ချုပ်တွေရဲ့ လူထုကို ပိတ်ဆို့ထာတာတွေကိုသာ အမြန်ဆုံးရပ်ပစ်လိုက်ပါ။ လိမ်ညာမှုတွေ အားလုံးကို ရပ်တန်းကရပ်စေချင်ပါတယ်။

လွတ်လပ်မှု တရားမျှတမှု နဲ့ ဒီမိုကရေစီ ရရှိရေး ဆန္ဒပြသူတွေဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးထွန်း
ကားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသား
တွေကို စစ်ပြုနေတာတွေ ရပ်တံ့ရေး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိလွှတ်ပေးရေး၊ လူထု
တွေကို အကာအကွယ်ပြုထားတဲ့တရားစီရင်ရေးစနစ်အုပ်ချုပ်ရေးစနစ်တွေကောင်းမွန်လာစေရန် စတာတွေ
ကို တောင်းဆိုကြပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး စီးပွါးရေး ပညာရေး ဘာသာရေး လူမှုရေး တွေ ကောင်းမွန်လာ
ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ဆန္ဒပြဖော်ထုတ်ကြတာလည်းဖြစ်ပါ
တယ်။

လူထုဆင်းရဲနေရတာ ဗိုလ်ချုပ်တွေရဲ့ ပိတ်ဆို့မှု sanctions ကြောင့်သာဖြစ်

ဗိုလ်သိန်းစိန် အစိုးရဟာ နိုင်ငံတကာ ရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေကြောင့် လူထုနစ်နာရတယ် ပြောဆိုနေပေ
မယ့် ဗိုလ်ချုပ်တွေရဲ့ လူထု နဲ့ တိုင်းပြည်ကို ပိတ်ဆို့ထားတာတွေ ကို ဖုန်းကွယ်ထားပါတယ်။ ဗိုလ်သိန်းစိန် အစိုးရဟာ လယ်သမား အလုပ်သမား ကျောင်းသားတွေ အခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက် လူ့
အခွင့်အရေးတွေကို ပိတ်ဆို့ထားပါတယ်။ 
 
လူထုခေါင်းကို တက်နင်းထားတဲ့၂၀၀၈ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ
ပိတ်ဆို့ထားပါတယ်။ ဗိုလ်သိန်းစိန် ရဲ့ လွှတ်တော်မှာ စစ်တပ်က လေးပုံတစ်ပုံ ယူထားယုံမက ကကာလုံက လွှတ်တော်အထက်မှာရှိနေတာ ကာလုံမှာ စစ်တပ်က အပေါ်စီးကရှိနေတာ ကာချုပ်က ကာလုံ ဥက္ကဌဖြစ်
နေတာ တွေ၊ ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်လုံခြုံရေး တွေလို အရေးပါတဲ့ နေရာစုံမှာ စစ်တပ်က အရာ
ရှိတွေ နေရာယူထားတာတွေ၊ စစ်တပ်က လိုအပ်ရင် အချိန်မရွေး အာဏာသိမ်းဖို့ ခွင့်ပြုထားတာတွေ ဟာ ဒီမိုကရေစီ အစိုးရအဖြစ် ဘယ်သူကမှ မသတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

မတရားဥပဒေတွေရေးဆွဲကန့်သတ်ထားတာတွေဟာလည်း နိုင်ငံတိုးတက်ရေး နိုင်ငံလွတ်လပ်ရေး နိုင်ငံဖွံ
့ဖြိုးရေးစတာတွေမှာအရေးပါအဓိကကျပါတယ်။လူထုအခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ လွတ်လပ်စွာ စုရုံးနိုင်
ခွင့် လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့် တွေကို တရားဥပဒေ နဲ့ အသေအ
ချာ ကာကွယ်ပေးရန်လည်း အလွန်လိုအပ်လှပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ မြန်မာပြည် စီးပွါးရေးတိုးတက်ဖို့ တကယ် ဖော်ဆောင်ခြင်ရင် တရားမျှတတဲ့ လွတ်လပ်တဲ့ဈေးကွယ်ရရှိအောင် နိုင်ငံတကာက စီးပွါးရေးရင်းနှီးမြှုတ်နှံမှူတွေ တကယ်ရရှိလာအောင် ဦးပိုင် နဲ့ စစ်တပ် စစ်ခရိုနီတွေ ရဲ့ မတရားပြုမှူအထွေထွေ ကို အမြန်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ ပြည်တွင်းစစ် တကယ်ချုပ်ငြိမ်းစေချင်တယ်ဆိုရင်စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ
တွေလုပ်မှသာ တကယ့် ငြိမ်းချမ်းရေးကို ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ကို ဖော်ဆောင်စေချင်တယ်ဆိုရင် စစ်တပ်ကို အာဏာရှင်
တွေ နောက်ကွယ်ကချုပ်ကိုင်ထားတာမလုပ်ဘဲတပ်မတော်ကို နိုင်ငံရေးကို ခွဲခြားပစ်ရမှာဖြစ်ပြီး တပ်မတော်
ကို နိုင်ငံကာကွယ်ရေးတာဝန် ကိုသာ မြင့်မြတ်စွာထမ်းဆောင်စေရမှာဖြစ်ပါတယ်။

ဗိုလ်သိန်းစိန် ရဲ့ အမေရိကားခရီးစဉ် မှာ အိုဘားမား နဲ့ ပျားရည်ဆန်းခရီး သာ မဖြစ်စေဘဲ အစိုးရထိပ်ပိုင်း
ချင်း အဆင်ပြေရေးသာ မဖြစ်စေဘဲ ဆင်းရဲသား မြန်မာလူထုတစ်ရပ်လုံး အကျိုးအတွက် ကောင်းနိုးရာရာ
တွေ ရည်ရွယ်လုပ်ဆောင်နိုင်ရမှာဖြစ်ပါကြောင်း ဗိုလ်သိန်းစိန်အစိုးရအဖွဲ့တစ်ဖွဲ့လုံးကိုအမေရိကားရောက်
မြန်မာတွေက ဒီသတင်းစကားတွေအားလုံးကို ဖေ့စ်ဘွက်ကတစ်ဆင့် ပါးလိုက်ချင်ပါတယ်ခင်ဗျာ။
 
ZawWin ,Rangonnewsdaily
RND:  :19.5.2013
ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ

Sunday, May 19, 2013

အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာ သံရုံး မှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီမှာတော့ သမ္မတ ဦးသိန်းစိန်က လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို ရှင်းပြခဲ့ပြီး တိုင်းပြည်ပြန် လည် ထူထောင်ရေးမှာ ပြည်ပကို ရောက်နေတဲ့ မြန်မာတွေ အားလုံးကပါ ပူးပေါင်းပါဝင်ကူညီဖို့၊ 
နောက် မြန်မာအပေါ် အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု ဥပဒေ တွေက အသက်ရှိနေသေးပြီး လုံးဝ ရုပ်သိမ်းသွားသေးတဲ့ အခြေအနေမဟုတ်လို့ ဒါတွေကို လုံးဝ ရုတ်သိမ်းသွား စေဖို့ သူကိုယ်တိုင်လာ တာဖြစ်ကြောင်းတွေ ပြောသွားပါ တယ်။ 

အခုလို လူပေါင်း ၃၀၀ လောက်တက်ရောက် တဲ့ မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံပွဲမှာ ရင်းရင်းနှီး နှီးနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးသား ထားပါတယ်။ 

"အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီးဟာ မလ ၁၈ ရက်နေ့ ညနေမှာ အမေရိကန် လင်ကွန်း အထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို သွားရောက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများနဲ့ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါ တယ်" လို့ ဦးရဲထွဋ်က ဆိုပါတယ်။


ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ကို မြန်မာသံရုံးအပြင်ဘက်မှာ ဆန္ဒပြမှုနဲ့ ကြုံဆုံခဲ့ရပါတယ်။ 


ဒီဆန္ဒပြပွဲဟာ အချိန်တိုအတွင်း ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့တာဖြစ်လို့ လူသိပ်မရှိလှပေမယ့် ဦးဆောင် သူ တွေနဲ့လုပ်တဲ့ ဆန္ဒပြပွဲ မဟုတ်ပဲ အသိစိတ်နဲ့ လုပ်တဲ့ ဆန္ဒပြပွဲဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ဧရာဝတီ ကို ပြောပါတယ်။ 

“ အခု ဆန္ဒပြတာက ရှစ်လေးလုံး ကျောင်းသား အများစုပါ။ မနက်ဖြန်လည်း VOA ရှေ့မှာ ဆန္ဒပြဖို့ ရှိပါ တယ်” လို့ ကိုဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။ 

ဆန္ဒပြပွဲမှာ အဓိက တောင်းဆိုထောက်ပြတာတွေကတော့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်ထိ ထိ
ရောက်ရောက်လုပ်ဖို့နဲ့ နိုင်ငံတကာကို လိမ်ညာနေတာတွေရပ်ဖို့၊ တိုင်းပြည်ဆင်းရဲနေရတာက စစ်အုပ်စု က ပြည်သူ့ ဆန္ဒတွေနဲ့ ပြည်သူ့အခွင့်အရေးတွေ ပိတ်ဆို့ထားလို့ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ 

"စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ပါ" "လိမ်ညာမှုတွေ ရပ်တန်းကရပ်ပါ” လို့ သူက ဆိုထား ပါတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရ ၀န်ကြီးတွေလည်း လိုက်ပါလာခဲ့တဲ့ လိုက်ပါလာရင်း အခု အမေရိကန် ခရီးစဉ် မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်သူတွေ အကျိုးရှိတဲ့တွေ့ဆုံမှုတွေ သာဖြစ်သင့် ကြောင်းလည်း ဆန္ဒပြသူတွေက တိုက်တွန်းထားပါတယ်။ 

ဒီအပြင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဆုတ်ဖယ်ပေးဖို့ ကြိုးကိုင်နေတာတွေ၊ ပြည်သူကို စစ်အုပ်စုက ဖိနှိပ်ပိတ်ပင်မှုတွေ အဆုံးသတ်ပြီး ပြည်သူ့အခွင့်အရေး အပြည့်အ၀ပေးမှသာလျှင် ပြည်သူ ချမ်းသာပြီး တိုင်းပြည်ချမ်းသာလာမှာဖြစ်တာကြောင့် ဒါကို  တိုက်တွန်းလိုတယ်လို့ ဆန္ဒပြသူတွေက ဆိုကြ ပါတယ်။ 

 မြန်မာသံရုံးရှေ့ သမ္မတ ဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ- Zaw Win

အေးချမ်းမွန် Credit & Copy From >ဧရာဝတီ< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

0 comments:

Post a Comment