Pages

Sunday, May 19, 2013

အရက်သောက်စားမူးယစ်နေသည့်သားအား ဓါတ်ဆီလောင်း၍ဆုံးမစဉ် မီးလောင်

နေပြည်တော်၊ မေ ၁၉
၁၇-၅-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ဝင်းနေ ဒေါ်စန်း(၆၂)နှစ်သည် သားဖြစ်သူ စိုးမင်းအောင်(၂၃)နှစ်မှာ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားနေသဖြင့် ဆုံးမ,မရသောကြောင့် အနီးရှိ ဓါတ်ဆီ ပုလင်းအားယူ၍ ပါးစပ်အတွင်းလောင်းထည့်စဉ် စိုးမင်းအောင်၏ခန္ဓာကိုယ်ပေါ်သို့ ဖိတ်စင်ကျကာ အိတ်ကပ်တွင်းရှိ ဂက်စ်မီးခြစ်နှင့်ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ မီးလောင်မှုကြောင့် စိုးမင်းအောင်၏ ၀ဲ/ယာလက်နှင့်နောက်ကျော၊ တင်ပါး၊ ယာခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသကာ ဒေါ်စန်းအား မန္တလေးအမှတ်(၉)ရဲစခန်း (ပ)၃၀၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , Rangonnewsdaily
RND:  :19.5.2013

0 comments:

Post a Comment