Pages

Monday, April 22, 2013

HRW အစီရင်ခံစာ လက်မခံဟု မြန်မာအစိုးရဆို

HRW အစီရင်ခံစာ လက်မခံဟု မြန်မာအစိုးရဆို

မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သူများအဖြစ် တစ်ဖက်သက် စွပ်စွဲထားသော Human Rights Watch ၏ အစီရင်ခံစာကို လက်မခံကြောင်း နိုင်ငံတောင် သမ္မတ၏ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သော ယင်းအစီရင်ခံစာသည် တစ်ဖက်သတ် ရရှိထားသည့် သတင်းများကိုသာ အခြေခံရေးသားထားသည့်အပြင် အစီရင်ခံစာတွင် ပါရှိသော စကားလုံး အသုံးအနှုန်းများကို လက်ခံနိုင်ဖွယ်မရှိကြောင်း ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတက ဂုဏ်သတင်းထင်ရှားသည့် ပညာရှင်များ၊ လူမှု အသိုင်း အဝိုင်းနှစ်ခုလုံးက လေးစားတဲ့ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်မှာ ပဋိပက္ခဖြစ်ပွားရာဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ အစီရင်ခံစာပြုစုနေပြီဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

"မင်းတို့လုပ်နိုင်တာ ဆုတောင်းရုံပဲ - ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ရိုဟင်ဂျာ (အစီရင်ခံစာ တိုက်ရိုက် အသုံး) များအပေါ် လူသားမဆန်သော သတ်ဖြတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ" ခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၅၃မျက်နှာ အစီရင်ခံစာ တစ်စောင်ကို ယနေ့ ရက်စွဲဖြင့်  HRW က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရအာဏာပိုင်များက ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပြီး ယနေ့တိုင် စားနပ်ရိက္ခာအကူအညီများ၊ ထောက်ပံ့ရေးလုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ဟန့်တားထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါသည်။

နိုင်ငံတော်အနေဖြင့် ယင်းသို့ တစ်ဘက်သတ်ရေးသားသည့် အစီရင်ခံစာ အပေါ် အလေးထားမည် မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များ အပေါ်မှာပဲ အလေးထားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မည့် ဥရောပသမဂ္ဂ အစည်းအဝေးနှင့် ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ၏ လုပ်ဆောင်ချက်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ၄င်းက ထပ်မံ ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း နေအိမ်မီးရှို့မှုများ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုများကို လုံခြုံရေးအင်အားစုများဖြစ်သော ရဲ၊ လုံထိန်း၊ နစကအဖွဲ့၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို သတ်ဖြတ်တိုက်ခိုက်မှုများအား လက်ပိုက်ကြည့်ရုံတင်မက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု HRW ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရော်ဘင်ဆန်က အစီရင်ခံစာတွင် ပြောဆိုထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ယနေ့ သမ္မထံ တင်ပြမည်ဖြစ်ပြီး မနက်ဖြန် ပြည်သူလူထုကို တရားဝင် ချပြမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကိုးကား - ဦးရဲထွဋ် ၊ Kamayut Media

မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သူများအဖြစ်တစ်ဖက်သက်စွပ်စွဲထားသော Human
Rights Watch ၏ အစီရင်ခံစာကို လက်မခံကြောင်း နိုင်ငံတောင် သမ္မတ၏ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။
ယနေ့ထုတ်ပြန်သောယင်းအစီရင်ခံစာသည်တစ်ဖက်သတ်ရရှိထားသည့်သတင်းများကိုသာအခြေခံရေးသား
ထားသည့်အပြင်အစီရင်ခံစာတွင်ပါရှိသောစကားလုံးအသုံးအနှုန်းများကိုလက်ခံနိုင်ဖွယ်မရှိကြောင်း ၄င်းက
ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတက ဂုဏ်သတင်းထင်ရှားသည့် ပညာရှင်များ၊ လူမှု အသိုင်း အဝိုင်းနှစ်ခုလုံးက လေးစားတဲ့ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်မှာ ပဋိပက္ခဖြစ်ပွားရာဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ အစီရင်ခံစာပြုစုနေပြီဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

"မင်းတို့လုပ်နိုင်တာ ဆုတောင်းရုံပဲ - ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ရိုဟင်ဂျာ (အစီရင်ခံစာ တိုက်ရိုက် အသုံး) များအပေါ် လူသားမဆန်သော သတ်ဖြတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ" ခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၅၃မျက်နှာ အစီရင်ခံစာ တစ်စောင်ကို ယနေ့ ရက်စွဲဖြင့် HRW က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရအာဏာပိုင်များက ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပြီး ယနေ့တိုင် စားနပ်ရိက္ခာအကူအညီများ၊ ထောက်ပံ့ရေးလုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ဟန့်တားထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါသည်။

နိုင်ငံတော်အနေဖြင့် ယင်းသို့ တစ်ဘက်သတ်ရေးသားသည့် အစီရင်ခံစာ အပေါ် အလေးထားမည် မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များ အပေါ်မှာပဲ အလေးထားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မည့် ဥရောပသမဂ္ဂ အစည်းအဝေးနှင့် ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ၏ လုပ်ဆောင်ချက်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ၄င်းက ထပ်မံ ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ်ဇွန်နှင့်aအာက်တိုဘာလအတွင်းဖြစ်ပွားခဲ့သောလူမျိုးရေးဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှု
များအတွင်း နေအိမ်မီးရှို့မှုများ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုများကို လုံခြုံရေးအင်အားစုများဖြစ်သော ရဲ၊ လုံထိန်း၊ နစကအဖွဲ့၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို သတ်ဖြတ်တိုက်ခိုက်မှုများအား လက်ပိုက်ကြည့်ရုံတင်မက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု HRW ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရော်ဘင်ဆန်က အစီရင်ခံစာတွင် ပြောဆိုထားသည်။

စုံစမ်းစစ်ဆေးရေးaက်ာမရှင်၏အပြီးသတ်အစီရင်ခံစာကိုယနေ့သမ္မထံတင်ပြမည်ဖြစ်ပြီး မနက်ဖြန် ပြည်သူ
လူထုကို တရားဝင် ချပြမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကိုးကား - ဦးရဲထွဋ် ၊ Kamayut Media

Rangonnewsdaily
RND:  :22.4.2013

0 comments:

Post a Comment