Pages

Monday, April 22, 2013

ဝါယာရှော့ခ်ဖြစ် မီးလောင်မှု ကင်းဝေးရန် ဝါယာကြေးသား အမည်းရောင် ဖြစ်သည်အထိ မသုံးစွဲသင့်

ဝါယာရှော့ခ်ဖြစ် မီးလောင်မှု ကင်းဝေးရန် ဝါယာကြေးသား အမည်းရောင် ဖြစ်သည်အထိ မသုံးစွဲသင့်

နေအိမ်သုံး လျှပ်စစ် ဝါယာကြိုး သွယ်တန်းရာ၌ အရည်အသွေး ပြည့်မီသော ကြိုးများဖြင့် စနစ်တကျ တပ်ဆင်ထားရန် လိုပြီး ထိုတပ်ဆင် ဝါယာကြိုး များကို ၁ဝ နှစ် တစ်ကြိမ် လဲလှယ် ရန်လည်း လိုအပ်သည်ဟု လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

နေအိမ် မီးထွန်းရန် အတွက် ဆိုလျှင် ၁ ဒသမ ၅ မီလီမီတာ (၃ဝ၃၆ ဂိတ်) ရှိသော ကြိုးများ၊ ရေခဲသေတ္တာ၊ မီးပူဆိုလျှင် ၂ ဒသမ ၅ မီလီမီတာ (၇ဝ၂၉ ဂိတ်)နှင့် မီးဆွဲအား များသော မီးဖိုများ အတွက် ဆိုလျှင် ၄ မီလီမီတာ (၇ဝ၃၆ ဂိတ်) ရှိသော ဝါယာကြိုး များကို သူ့နေရာနှင့် သူ စနစ်တကျ တပ်ဆင် အသုံးပြုသင့် ကြောင်း ၎င်းကပြောသည်။ ၁ဝ နှစ်ခန့်ကြာ အသုံးပြု ထားသော ဝါယာကြိုး များ၌ ကြိုးထဲက ကြေးသား ကြေးရောင် မရှိတော့ဘဲ အမည်းရောင်သို့ ပြောင်းနေပါက ဆက်သုံးရန် မသင့်ဘဲ အသစ်လဲလှယ် တပ်ဆင်သင့်သည်။ ၎င်းကြိုးများသည် ဝါယာရှော့ခ် ဖြစ်ဖို့ အခြေအနေ အလွန်နီးစပ်ကြောင်း၊ တပ်ဆင်သည့် အခါ လျှပ်စစ် ဌာနမှ ကျွမ်းကျင်သူ သို့မဟုတ် Electircal Insturction (E.I) လက်မှတ် ရှိသူများနှင့် တပ်ဆင် သင့်ကြောင်း သိရသည်။ 

မြ၀တီ

နေအိမ်သုံး လျှပ်စစ် ဝါယာကြိုး သွယ်တန်းရာ၌ အရည်အသွေး ပြည့်မီသော ကြိုးများဖြင့် စနစ်တကျ တပ်ဆင်ထားရန် လိုပြီး ထိုတပ်ဆင် ဝါယာကြိုး များကို ၁ဝ နှစ် တစ်ကြိမ် လဲလှယ် ရန်လည်း လိုအပ်သည်ဟု လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။
နေအိမ် မီးထွန်းရန် အတွက် ဆိုလျှင် ၁ ဒသမ ၅ မီလီမီတာ (၃ဝ၃၆ ဂိတ်) ရှိသော ကြိုးများ၊ ရေခဲသေတ္တာ၊ မီးပူဆိုလျှင် ၂ ဒသမ ၅ မီလီမီတာ (၇ဝ၂၉ ဂိတ်)နှင့် မီးဆွဲအား များသော မီးဖိုများ အတွက် ဆိုလျှင် ၄ မီလီမီတာ (၇ဝ၃၆ ဂိတ်) ရှိသော ဝါယာကြိုး များကို သူ့နေရာနှင့် သူ စနစ်တကျ တပ်ဆင် အသုံးပြုသင့် ကြောင်း ၎င်းကပြောသည်။ 
၁ဝ နှစ်ခန့်ကြာ အသုံးပြု ထားသော ဝါယာကြိုး များ၌ ကြိုးထဲက ကြေးသား ကြေးရောင် မရှိတော့ဘဲ အမည်းရောင်သို့ ပြောင်းနေပါက ဆက်သုံးရန် မသင့်ဘဲ အသစ်လဲလှယ် တပ်ဆင်သင့်သည်။
၎င်းကြိုးများသည် ဝါယာရှော့ခ် ဖြစ်ဖို့ အခြေအနေ အလွန်နီးစပ်ကြောင်း၊ တပ်ဆင်သည့် အခါ လျှပ်စစ် ဌာနမှ ကျွမ်းကျင်သူ သို့မဟုတ် Electircal Insturction (E.I) လက်မှတ် ရှိသူများနှင့် တပ်ဆင် သင့်ကြောင်း သိရသည်။

မြ၀တီ ,Rangonnewsdaily
RND:  :22.4.2013

0 comments:

Post a Comment