Pages

Sunday, April 28, 2013

ကားများ၏ ဘုရင် မြင်းကောင်ရေ ၁၆၀၀ အားရှိမည့် Bugatti Super Veyron လာပြီ

Volkswagen ကုမ္ပဏီရဲ့ အထူးအဆင့်မြင့် ဇိမ်ခံကားဌာနဟာ ကမ္ဘာ့ အမြန်ဆုံး၊ အဆင့်အမြင့်ဆုံးနဲ့ ဈေးနှုန်းအမြင့်ဆုံး ကားတွေကို တာဝန်ယူ ထုတ်လုပ်ပါတယ်။ Audi ၊ Porsche နဲ့ Bugatti ကားတွေဟာ Volkswagen Group က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်နေတာဖြစ်ပါတယ်။

ယခုအခါမှာလည်း ဒီ အထူးအဆင့်မြင့် ဇိမ်ခံကားဌာနဟာ နောက်ထပ် ကမ္ဘာ့စံချိန် ၂ ခုအား ချိုးနိုင်ရန်အတွက် ကျိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ ကမ္ဘာ့စံချိန် ၂ ခုကတော့ မြင်းကောင်ရေ အများဆုံး စံချိန်နဲ့ အမြန်နှုန်း စံချိန်တို့ပဲ ဖြစ်ပါတယ်။

ဒီစံချိန်တွေကို ချိုးဖျက်ဖို့ ကြိုးပမ်းနေတာကတော့ Bugatti Super Veyron ပဲ ဖြစ်ပါတယ်။ Bugatti အနေနဲ့ Super Veyron ကို လာမည့် စက်တင်ဘာလမှာ ကျင်းပမယ့် Frankfurt ကားပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် စားသုံးသူများနဲ့ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

“Super Veyron” ဆိုတဲ့အတိုင်း ဒီကားကို ဖွဲ့စည်းတည်ဆောက်ထားပုံနဲ့ ပါဝင်တဲ့ စက်ပစ္စည်းတွေ အားလုံးဟာ စူပါတွေပဲ ဖြစ်ပါတယ်။ ကာဗွန်ဖိုင်ဘာကို ယခင်ကထက် အများအပြား ပိုမိုထည့်သွင်း တည်ဆောက်ထားတဲ့ ကိုယ်ထည်၊ ယခင်ထက် များပြားတဲ့ မြင်းကောင်ရေအားနဲ့ စံချိန်တင် အမြန်နှုန်းတို့ကို ရရှိနိုင်မယ်လို့ သိရှိရပါတယ်။

ကိုယ်ထည်ဒီဇိုင်းမှာ ကာဗွန်ဖိုင်ဘာကို ဖောဖောသီသီ အသုံးပြုထားလို့ အလေးချိန်ပိုင်းမှာ ယခုရှိရင်းစွဲ Bugatti Veyron Super Sport ထက် ပေါင် ၅၅၀ ခန့် ပေါ့နေပါတယ်။ ဒါ့အပြင် aerodynamics ပိုဖြစ်တဲ့ ပုံစံကျအောင်လည်း ကိုယ်ထည်ရဲ့ ပုံစံကို ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားပါတယ်။

ကဲ အစောပိုင်းက ကမ္ဘာ့စံချိန်သစ် တင်မယ့် မြင်းကောင်ရေအားက ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ ၁၆၀၀ ပါ။ မှန်ပါတယ်။ ဒီ Bugatti Super Veyron ဟာ မြင်းကောင်ရေ ၁၆၀၀ အားရှိတဲ့ အင်ဂျင်ကြီး တပ်ဆင်ပေးထားပါတယ်။ ဒီမြင်းကောင်ရေအားဟာ Formula 1 ပြိုင်ကားတွေရဲ့ အင်ဂျင်တွေထက်တောင် ပိုပြီးအားကောင်းပါတယ်။

ဆိုတော့ကာ ဒီလောက်တောင် စွမ်းအားကြီးတဲ့ မြင်းကောင်ရေ ၁၆၀၀ အင်ဂျင်က Super Veyron ကို ဘယ်လောက်မြန်မြန် သွားစေနိုင်မှာလဲ။ အံအားသင့်သွား ရပါလိမ့်မယ်။ နောက်ထပ် ကမ္ဘာ့စံချိန် တစ်ခုပါပဲ။ ၀-၆၀ မိုင်နှုန်းကို ၁.၈ စက္ကန့်နဲ့ ရောက်ရှိနိုင်စွမ်းရှိပြီး အမြန်နှုန်း တစ်နာရီ ၂၈၆ မိုင်အထိ မောင်းနှင်နိုင်မယ်လို့ သိရှိရပါတယ်။

ဈေးနှုန်းကကော ဆိုရင်တော့ ကြမ်းခင်းဈေး အနည်းဆုံး ဒေါ်လာ ၂.၅ သန်းကနေ စမယ်လို့ ခန့်မှန်းရပါတယ်။

Myanmar Consumer Guide , Rangonnewsdaily
RND:  :28.4.2013

0 comments:

Post a Comment