Pages

Sunday, April 28, 2013

ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

ဧပြီ ၂၈၊ ၂၀၁၃

ဘားအံ ။ ။ ဘားအံမြို့ပေါ်တွင် ဆွမ်းခံထွက်လာသော ဘုန်းကြီးများမှ မွတ်စလင်မ် အမျိုးသမီးကြီးတစ်ဦးအား
သပိတ်ဖြင့်ရိုက်နှက်မှုတစ်ခုရာဘာခြံ၁-လမ်းထိပ်တွင်ယနေ့မနက်၈-နာရီ ၁၅-မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယနေ့မနက်ပိုင်း ဘုန်းကြီးများ ဆွမ်းခံထွက်လာချိန် ဘားအံမြို့ ရာဘာခြံ ၁-လမ်းထိပ်အရောက်
တွင်ရာဘာခြံ၃လမ်းနေအသက်(၅၀)ကျော်အရွယ်ရှိ ဒေါ်မခင်(ခ)ဒေါ်ရှကီရာဆိုသည့်မွတ်စလင်မ်အမျိုးသမီး
ကြီးတစ်ဦးက  ဘုန်းကြီးများ ကြွလာသည်ကိုမြင်၍ ဘေးနားတွင်မတ်တပ်ရပ်နေခဲ့သည်။ 

ထိုသို့ မတ်တပ် ရပ်နေသည့်ကို  ဘုန်းကြီးမှ ဆွမ်းခံကြွလာတာကို လမ်းဖြတ်ကူးသည်ဟု စွပ်စွဲပြောဆိုပြီး
ခေါင်းကို သပိတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းရိုက်နှက်မှုကြောင့် ဒေါ်မခင် မှာ ခေါင်းကွဲပြိး  သွေးများကျကာ လဲကျသွားသည်။ 

လဲကျသွားသည်ကို အနီးအနားမှ မြင်ကြသော်လည်းဘုန်းကြီးမှ ရိုက်နှက်မှုဖြစ်သည့်အတွက် မည်သူမျှလာ
ရောက်၍ ကူညီမှု မပေးရဲသည့် အတွက် ဒီအတိုင်းကြည့်နေကြသည်။ ခဏကြာမှ ဒေါ်မခင် ၏ သမီးရောက်ရှိ
လာပြီး ဒေါ်မခင် အား ဆေးရုံသို့ ခေါ်ဆောင်သွား ခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း လာရောက်ကြည့်ရှုခဲ့
သော်လည်း ရိုက်နှက်သည့် ဘုန်းကြီးအား မည်သည့် အရေးယူမှုမျိုးမှ မရှိခဲ့ကြောင်းလည်းသိရသည်။

ယခု မွတ်စလင်မ် အမျိုးသမီးကြီး ဒေါ်မခင်ကို ရိုက်နှက်သည့် ဘုန်းကြီးမှာ သစ္စာမဏ္ဍိုင်ကျောင်းတွင် သီးတင်း
သုံးနေထိုင်သည့် ဘုန်းကြီးဖြစ်ကြောင်းသိရသည်။ ဒေါ်မခင်မှာ ယခု အခါ ရိုက်နှက်ခံရသည့် ခေါင်းတွင် ထိ
ခိုက်ဒဏ်ရကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသ တင်းရရှိပါသည်။

ဘားအံမြို့တွင်  ဘုန်းကြီးများမှာ ဆွမ်းခံထွက်သည့် လမ်းဖြတ်ကူးသည်ဟူသော အကြောင်းပြချက်ဖြင့်  ဘား
အံမြို့တွင် နေထိုင်သည့် မွတ်စလင်မ်များကိုရိုက်နှက်လေ့ရှိကြောင်း၂၀၁၂-ခုအတွင်းက ဖြစ်ပွားခဲ့သည့် ရိုက်
နှက်မှု ဖြစ်စဉ်တခုတွင်   အဖိုးအိုတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရများဖြင့် သေဆုံးသွားခဲ့ရသည်။

၎င်းဖြစ်စဉ်  နောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ ရိုက်နှက်မှုများရှိခဲ့သည်မှာ ၁၀-ယောက်ထက်မနည်းရှိပြီဖြစ်
ကြောင်းနှင့် ယင်းကဲ့သို့သော အပြုအမူများအတွက်လည်း မည်ကဲ့သို့မှ အရေးယူမှု မရှိသည့်အတွက် ဘား
အံမြို့ခံ မွတ်စလင်မ်များမှလည်း စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ် ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ၃ညတိုင်တိုင်ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်း
တွင် ပြုလုပ်ခဲ့သည့်၉၆၉ တရားပွဲတွင် ဦးဝီရသူမှ အစ္စလာမ်မုန်းတီးရေး တရားများ ဟောပြောပြိးနောက် ယခု
ကဲ့သို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ဖြစ်သည်။

M-Media , Rangonnewsdaily
RND:  :28.4.2013
ဇာဏီ

0 comments:

Post a Comment