Pages

Friday, April 12, 2013

ကြေကွဲစရာတွေထဲမှာ ငါ့ကိုထားခဲ့

သူ့ ရဲ့ အသက်တချောင်း သေတွင်းက
လွတ်မြောက်လာပုံအကြောင်းကို
ရီစရာလေးတွေကြားညှပ် ပြောပြနေတဲ့ဇာတ်က
ဘ၀သံသရာရုပ်ရှင်ထဲက
ကုလားလေး ငိုသလိုမျိုးတော့မဟုတ်ဘူး ……

သူ့ အဘိုးက
မင်းလှခံတပ်မှာ အသက်စွန့့်သွားတဲ့
ပွဲရ သူရဲကောင်း နယ်ချဲ့ အလောင်းတွေပုံနေအောင်တိုက်ခဲ့သ
ူ …….
သူ့ အဖိုးက
ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက်
အသက်ပေးသွားတဲ့ ဘီအိုင်အေ တပ်သားတဦး ……
သူ့ အဖေက
ကျူးကျော်သူ တရုပ်ဖြူတွေကို
အသက်စွန့် တိုက်ခဲ့သူ
မြန်မာ့တပ်မတော်သားတဦး ……
သူ့ ဦးလေးတွေက
အမျိုးသားရေး တန်းတူညီမျှ လူ့ အခွင့်အရေး
ဒီမိုကရေစီရေးတို့ အတွက်တိုက်ပွဲဝင်
နှစ်ရှည်အကျဉ်းသားတွေ …..

မျိုးရိုးစဉ်ဆက်
သူတို့ ရဲ့ သွေးတွေကို ဖောက်ကြည့်ရင်
ရဲရဲနီစွေး
နိုင်ငံကို ချစ်မြတ်နိုးသူတိုင်းရဲ့ သွေးနဲ့ ထပ်တူ
ရဲရင့်သူတွေပါ ……

လောကပါလတရားတဲ့ လောကနီတိတဲ့ 
ကံငါးပါးကို လုံအောင်ထိမ်းတဲ့ 
ဥယျာဉ်တံခါးဝမှ လက္ခဏာရေးသုံးပါး
ကံ ကံ၏အကျိုး ……
မေတ္တာတရားသာလျင် ……..
ဂေါတမ ဘုရားရှင်ရဲ့  တရားတော် ထွန်းကားရာ
အဲဒီတိုင်းပြည်ထဲမှာ
အဲဒီ ပြည်သူတွေထက်မလျော့သောအချစ်နဲ့ 
တိုင်းပြည်ကိုချစ်ခဲ့တဲ့ သူတို့ မိသားစု
အသတ်ခံခဲ့ရတဲ့ ငရဲညထဲ
သူတယောက်တည်း လွတ်မြောက်လာပုံကို
သူ့ ညာဉ်အတိုင်း ဟာသလေးစွက်ပြီးပြောပြနေတဲ့
သူ့ နှုတ်ဖျားက စကားလုံးတွေက တုံရီကြေကွဲ …..

သူ့ ရဲ့ မျက်ဝန်းမှာတော့
ပုဂံခေတ်မှသည် ယနေ့ ထိတိုင်
လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိတဲ

အဲဒီတိုင်းပြည်ကြီးမှာ
အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့ရမှုကို
ဝမ်းနည်းမနေခဲ့ဘူး …..

သူချစ်တဲ့တိုင်းပြည်ထဲမှာ
သူအသက်ရှင်ခွင့်ရနေတာကိုပဲ ….။

ရဲရင့်သက်ဇွဲ
၁၁၀၄၂၀၁၃


Credit by: Ko Kyaw Winn
Rangonnewsdaily
RND:12.4.2013

0 comments:

Post a Comment

 
world time