Pages

Friday, April 12, 2013

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့၊ မင်းလှမြို့ လက်ရှိအခြေအနေ

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှာ အခြေအနေ အေးချမ်းစပြုတဲ့အတွက် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်ပြီး ပုဒ်မ ၁၈၈ နဲ့ အစားထိုး ထုတ်ပြန်ထားပါတယ်၊ ပုဒ်မ ၁၄၄ ကို ချိုးဖောက်သူ တစ်ဒါဇင်ကျော်လောက်ကို ဖမ်းဆီးထားသလို အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ဆက်စပ်ဖမ်းဆီးထားသူကတော့ ငါးယောက်လောက်ရှိတဲ့ အကြောင်းနဲ့ ရုံးထုတ်စစ်ဆေးတာတွေတော့ မတွေ့သေးဘူးလို့ နယ်မြေခံတွေက ပြောပါတယ်။ ဇီးကုန်းမြို့မှာတော့ ဖမ်းဆီးထားသူ ၁၀ ယောက်ကို မနေ့ကရုံးထုတ်ဖို့စီစဉ်ပေမယ့် မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်၊ မင်းလှအခြေအနေကတော့ ပုဒ်မ ၁၄၄ ရုပ်သိမ်းထားပြီး ည ဆယ့်တစ်နာရီကနေ မနက်လေးနာရီထိတော့ မထွက်ရတဲ့ ပုဒ်မ ၁၈၈ သာ ကျန်ရှိပြီး တည်ငြိမ်းအေးချမ်းနေတယ်လို့ ဆိုပါတယ်၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင်တွေ မြို့ပေါ်ပြန်ရောက်ကြပြီး အရင်အတိုင်း ပြန်လည် ရောင်းဝယ်နေကြပါတယ်။ 
င်းလှမြို့မှာ အကြမ်းဖက်ဖျက်ဆီးတာကို ပလပ်စတစ်ကျည်ဆန်နဲ့ ပစ်ခတ်လို့ သုံးယောက် ဒဏ်ရာရပြီး ဆေးရုံတင်ထားတာကလွဲလို့ ကျန်တဲ့ အဖမ်းအဆီးမကြားရဘူးလို့ မြို့ခံတွေက ပြောပါတယ်။ မင်းလှမှာ အိမ်ဖျက်ခံရသူတွေထဲက သုံးလေးအိမ်သာ ပြန်ဆောက်နိုင်ပြီး အများစုကတော့ ဆင်းရဲလို့ ပြန်မဆောက်နိုင်ဘဲဖြစ်နေကြတာဖြစ်ပါတယ်။

DVB TV News , Rangonnewsdaily
RND:12.4.2013

0 comments:

Post a Comment