Pages

Wednesday, January 2, 2013

အနုပညာရှင်တွေကို ခွင့်မတောင်းပဲ တေးသီချင်းတွေ လွှင့်ပြီးမှ လွှင့်ခ ပေးတဲ့ စနစ်မှ အနုပညာကြေးပေးပြီး လွှင့်ရမယ့် အနေအထားကို ဂီတ အစည်းအရုံးက စတင်ပြောင်းလဲနေပြီ

အရင်က မီဒီယာတွေဟာ ဘယ်အနုပညာရှင်ကိုမှ ခွင့်မတောင်းပဲ တေးသီချင်းတွေ လွှင့်ပြီးမှ လွှင့်ခ ပေးတဲ့ စနစ်ကနေ အနုပညာရှင်တွေ ခွင့်ပြုမှ သတ်မှတ် အနုပညာကြေးပေးပြီး လွှင့်ရမယ့် အနေအထားကို ဂီတ အစည်းအရုံးကနေ ဦးဆောင်ပြောင်းလဲနေပြီလို့ ခေတ်သစ်ဂီတအလွှာတွဲဘက်အတွင်းရေးမှူးကိုကျော်လင်း
ထိန်က ပြောပြပါတယ်။ ဒီအတွက် သက်ဆိုင်ရာ အဆိုတော်--------------------------------------------------------- တေးရေး အပါအ၀င် ဂီတ အနုပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ဘယ်သီချင်းကိုတော့ထုတ်လွှင့်ခွင့် မပြုနိုင်ဘူး
၊ ဘယ်သီချင်းတွေကိုတော့ တစ်ကြိမ် ထုတ်လွှင့်ရင် ငွေဘယ်လောက် ပေးရမယ် ဆိုတာမျိုး ဂီတအစည်းအ
ရုံးကိုလာရောက်အကြောင်းကြားဖို့အစိုးရပိုင်သတင်းစာတွေကနေတဆင့် နှိုးဆော်ထားတယ်လို့သိရပါတယ်။ 
 
ဒီ အကြောင်းကြားချက်အပေါ် မူတည်ပြီး ဂီတ အစည်းအရုံးဟာအက်ဖ်အမ်ရေဒီယိုလိုင်းတွေ၊ ပုဂ္ဂလိကရုပ်သံ
ထုတ်လွှင့်သူတွေနဲ့ အခြားအသုံးပြုသူတွေ ဆီကနေ တေးသီချင်း ထုတ်လွှင့်ခတွေရရှိအောင်ဆောင်ရွက်ပေး
သွားမယ်လို့ သိရပါတယ်။
 
DVB TV News
 

0 comments:

Post a Comment