Pages

Wednesday, January 2, 2013

ထာဝရအလင်းတန်းများရဲ့ အကယ်ဒမီည

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၃၀ရက်က ပြန်လည်ကျင်းပခဲ့သော ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု
ပေးပွဲတွင် ဇာတ်ကားတစ်ကားတည်းက ထူးချွန်ဆုရှစ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြင့် ““ထာဝရအလင်းတန်းများ”” ရုပ်ရှင်ဇာတ်ကားမှာ ဆုအများဆုံးရသောစံချိန်သစ်တင်နိုင်ခဲ့သည်။သို့သော်ယင်းဇာတ်ကားမှာ၁၉၉၉ ခုနှစ်
က တရုတ်ရုပ်ရှင်ဒါ ရိုက်တာ ကျန်ရီမူ ရိုက်ကူးခဲ့ သည့်The Road Home ရုပ်ရှင်ဇာတ် ကား၏ ဇာတ်ကွက်အ
ချို့၊ အချို့ ဇာတ်ဝင်ခန်းချင်းဆင်တူနေကြောင်းရုပ်ရှင်ချစ်သူ ပြည်တွင်းပြည်ပပရိသတ်များ၏ ဝေဖန်ပြောဆို
မှု များ ထွက်ပေါ်နေသည်။ ““တရုတ်ကားနဲ့ ဇာတ်လမ်း ချင်း တူတယ်။ ဒါ ညာလို့မရဘူး။ မှီငြမ်းတာပါပဲ။ ဒါပေမဲ့ မြန်မာမှု ပြုတာပါ။ တိုက်
ရိုက်ကော်ပီတော့ မပါပါဘူး”” ဟု အကောင်းဆုံး ရုပ် ရှင် ဇာတ်ကားဆုရရှိခဲ့သည့် ထုတ် လုပ်သူ ဦးဇော်မြင့်
က တုံ့ပြန်ပြော ကြားသည်။ “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကိုကာတွန်းမိုးကြိုးက
ရေးသား ခဲ့ပြီး ဇာတ်ညွှန်းကို ဦးမြင့်ဆောင် နှင့် စိုးကျော်ဆန်းတို့က ပူးတွဲရေး သားခဲ့သည်။ 
 
ယင်းဇာတ်လမ်းကို ရိုက်ကူးရန် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က လွန်ခဲ့သည့် ၁၅ နှစ်ဝန်းကျင်က
တည်းက ဒါရိုက်တာထွန်းအောင်ဇော်ကို တိုက်တွန်းခဲ့သည်။ အထူးသဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်
ဆောင်ဆုရရှိ ခဲ့သော မယ်လိုဒီ၏ အကယ်ဒမီဆုထိုက်တန်သည့် ပြကွက်များဖြစ်သည့် ရွာသို့ ကျောင်းဆရာ
အသစ် အဖြစ် ရောက်လာစဉ်ထိုစဉ် ကျောင်းဆရာ၏စာသင်ကြားနေမှုကို လေးစားချစ်ခင်စိတ် ဖြင့် ကျောင်း
ဆရာ မသိအောင် လိုက်ကြည့်သည့် အခန်း၊
 
 ရေထမ်းသည့်အခန်း၊ ကျောင်းဆရာပေး ခဲ့သည့် တစ်ခုတည်းသောလက်ဆောင် ဆံညှပ်ကလစ်ကလေး ကျ
ပျောက်သွားရာ အိမ်ခြံဝင်းအတွင်း မှ ပြန်လည်ရှာတွေ့သဖြင့် ၀မ်းသာသွားသော စသော ဇာတ်ဝင်ခန်း များ
မွှာ့နျွသေိံသာန တရုတ်ရုပ်ရှင်ကားထဲမှမင်းသမီးကျန်းကျိယီသရုပ်ဆောင်ထားသောဇာတ်ဝင်ခန်းနှင့် ထပ်
တူထပ်မျှ တူညီနေသည့်အပေါ် အကောင်းဆုံးဒါ ရိုက်တာဆုရရှိခဲ့သည့် ဒါရိုက်တာ ထွန်းအောင်ဇော်က ယခု
ကဲ့သို့ ရှင်းပြသည်။ 

““ဆရာမိုးကြိုးရဲ့ ဇာတ်လမ်းထဲမှာ မင်းသမီးဇာတ်မပါပါဘူး။အဲဒီတော့ ကျွန်တော်က ကျွန်တော် ကြည့်ဖူးတဲ့ တရုတ်ဇာတ်ကားကို သတိရမိတယ်။ ဒီနေ့မှာ အဲဒီ တရုတ်ဒါရိုက်တာကိုလည်း မေတ္တာပို့ပြီး မြင်ဆရာအဖြစ် ကန်တော့ပါတယ်။ သူ့ဆီက အမျိုးသမီးဇာတ် ကောင်ရဲ့ သရုပ်ဆောင်မှုလေးတွေ ကို ကြည့်ပြီးတော့ ကျွန်
တော်ကြိုက်လို့ ကျွန်တော်ရိုက်ပါတယ်။ ဒါလေးမှီငြမ်းတာဝန်ခံပါတယ်။ ဒါပေမဲ့ ဇာတ် လမ်းကျောရိုးကတော့ ဘာမှ မဆိုင်ပါဘူး။ 
 
ကျွန်တော် လိုချင်တဲ့ ပလော့လေးတွေ ဖြည့်တဲ့အခါ အဲ ဒါတွေ ပါသွားတာပါ။ ကိုမျိုးမင်း စကားငှားပြောရရင် ဆရာမိုးကြိုး ဇာတ်လမ်းက ကျွန်တော်တို့ ရင် တွင်းဖြစ်ပါ”” ဟု ပြောကြားခဲ့သည်။“ထာဝရ အလင်းတန်းများ” ဇာတ်ကားမှာ အမှီးဇာတ်ကားတစ် ကား ဖြစ်ခဲ့ကြောင်းကို မသိရှိခဲ့ ကြောင်း၊တရုတ်ကားကိုမှီငြမ်းထားသည်
ဟုသာ သိရှိခဲ့ပါက ဆု ရွေးချယ်မှုမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ကြောင်း၊ ဖန်တီးမှု ဆိုသည်မှာ ဥမငါ
ငညေူ ဖြစ်ရမည် ဖြစ်ပြီး ကိုယ်ပိုင်ဖန်တီးမှုကို အခြေ ခံရမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်အတွက်အကောင်းဆုံး
 မြန်မာ့ ရုပ် ရှင်ထူးချွန်ဆု ဒုတိယအဆင့် စိစစ် အကဲဖြတ်ရေးအဖွဲ့မှ အဖွဲ့ဝင် ချစ် ဦးညိုက ဆိုသည်။

““မှီငြမ်းဆိုတာသိခဲ့ရင် ကျွန်တော့်မှတ်ချက်မှာ “အမှီးဇာတ် လမ်းဖြစ်နေပါသဖြင့်ဆိုတာထည့်ခဲ့မှာပါ။ ကော်
ပီနဲ့ ကိုယ်ပိုင် ဖန်တီးမှုက တန်ဖိုးချင်းမတူပါဘူး”” ဟု ၎င်းကပြောသည်။ရုပ်ရှင်ထူးချွန်ဆုသမိုင်းတွင် ထူးချွန်
ဆုခုနစ်ဆုဖြင့် ဆုအများ ဆုံးချိတ်ထားနိုင်သော “ငါသူတစ် ပါး ယောက်ျား မိန်းမ”၊ “အမေ့နို့ဖိုး”၊ “လျှို့ဝှက်
သောနှင်း” ဇာတ်ကားတို့ သာ ရှိခဲ့ဖူးသည်။ 
 
ဇာတ်ပို့ဆုရှင် မော့စ်ရရှိခြင်းအပေါ် ပရိသတ်များအားလုံး လက် ခံကျေနပ်မှုရှိခဲ့ သည်။ “ကျွန်တော့် အသက် ၅၉နှစ်ကျမှမိတဲ့အကယ်ဒမီဟုကျေးဇူးတင်စကားတွင် ထည့် သွင်းပြောကြားသွားခဲ့သည့်ဟာသသရုပ်ဆောင်
မော့စ်မှာ ဆုရရှိချိန်တွင် အသည်းရောဂါအပြင်းအထန် ခံစားနေရသည့် အချိန်လည်းဖြစ်သည်။

ဆုပေးပွဲ မကျင်းပမီ ရေပန်း စားနေသော နိုင်းနိုင်း၊ သူထူးစံ၊ မင်းအုပ်စိုးနှင့် နောင်နောင်တို့အ နက် မင်းအုပ်
စိုးမှလွဲ၍ ကျန်သုံးဦး မှာ ၎င်းင်းတို့၏ အနုပညာသက်တမ်း တွင် ပထမဆုံးအကြိမ်ဆန်ခါတင်အဆင့်ဝင်ခဲ့ခြင်း
ဖြစ်သည် အကောင်းဆုံး အမျိုးသား ဇာတ် ဆောင်ဆုကို ၎င်းင်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားထာဝရအလင်း
တန်းများ” ဖြင့် နောင်နောင်က ရရှိခြင်းအပေါ်လှိုက်လှိုက်လှဲလှဲဝမ်းသာစွာဖြင့်ထိုက်တန်ကြောင်း အားပေးကြ
သူများရှိသလိုသရုပ် ဆောင်ရသည့်ဇာတ်ကောင်စရိုက် နှင့်ဇာတ်ဝင်ခန်းများ၏အားသာချက်များအရ နောင်
နောင့်နေရာ တွင် အခြားမင်းသားတစ်ဦးသရုပ်ဆောင်ပါကလည်းဆုရရှိနိုင်သည်ဟုလည်း ထင်မြင်ချက်များ
 ပေး သူများလည်း ရှိသည်။ထူးချွန်ဆုအများကြီး ရနိုင် ခြေရှိသည်ဟု ခန့်မှန်းထားကြ သည့် “ပန်းကြာဝတ်မှုန်
” ရုပ်ရှင် ဇာတ်ကားမှာ အကောင်းဆုံး ဓာတ် ပုံဆုနှင့် အကောင်းဆုံး အသံဆုနှစ် ဆု ရရှိခဲ့သည်။

အမျိုးသမီး ဇာတ်ပို့ဆုအ တွက် ရေပန်းစားနေသော ချစ်စနိုး ဦးမှာ အနုပညာသက်တမ်း ကိုးနှစ် အကြာတွင် အစ်ကိုနှစ်ယောက်အ ပေါ် တစ်မျိုးစီ သိတတ်နားလည်ငဲ့ညှာသောညီမငယ်တစ်ယောက်၏ဇာတ်ရုပ်အတိုင်း
“ရင်ကွဲနာ” ဇာတ်ကားတွင် ကွက်တိ သရုပ် ဆောင်နိုင်ခဲ့သောကြောင့် ရွှေစင် ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီ
 ဖြစ် သည်။ အများမျှော်လင့်ထားသည် နှင့်အလွဲကြီးလွဲသွားခဲ့သည့်ဆု နှစ်ဆုမှာအမျိုးသားဇာတ်ဆောင်ဆု
နှင့် အမျိုးသမီးဇာတ်ဆောင်ဆု များပင်ဖြစ်သည်။

အမျိုးသား ဇာတ်ဆောင်ဆုအတွက် နိုင်နိုင်း ကို တစ်ထစ်ချ မျှော်လင့်ထားကြ သည့် မီဒီယာအများစုမှာဆုမ
ကြေညာခင်ကတည်းက နိုင်နိုင်း အနားတွင် ၀ိုင်းအုံနေသော်လည်း ဆုကြေညာပြီးသောအခါ စင်၏ညာဘက်
ခြမ်းက နောင်နောင်ထံ အပြေးအလွှားသတင်းရယူကြရ ပြန်သည်။
 
နိုင်နိုင်းနည်းတူ သက် မွန်မြင့်ထံသို့ ချိန်ထိုးထားသည့် ကင်မရာများမှာဆုကြေညာပြီး နောက်မယ်လိုဒီထံသို့ 
ဝိုင်းအုံပြေး လွှားကြရပြန်သည်။ယခုနှစ် မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုပေးပွဲကို ယခင်နှစ်များကထက်အချိန်စော
စွာ ကျင်းပခဲ့ပြီး အစီအစဉ်တစ်ခုနှင့်တစ်ခု ကြား ရပ်နားမှု၊ လေးဖင့်မှုမရှိဘဲ ဆက် တိုက်ကျင်းပသွားခဲ့ရာ ည
ခုနစ်နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
 
 

ရေးသားသူ-အေးသူစံ
7days News:

0 comments:

Post a Comment