Pages

Monday, December 3, 2012

ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်ပွား

၁-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေကျေးရွာနှင့်ကထန်ယန်ကျေး
ရွာကြားရှိ လင်းလက်ဝင်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါ
သည်။ ကုမ္ပဏီပိုင်ထင်းနှင့် အခြားပစ္စည်းအဟောင်းများထားရှိသည့် အလျား(၃၅)ပေ၊ အနံ(၂၅)ပေရှိ (၄x၃)ခန်း အကာမရှိ မြေစိုက်၊ သွပ်မိုးအဆောင်တွင် ၀ါယာကြိုးရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးခင်းကျေးရွာအုပ်
ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကုမ္ပဏီဝန်ထမ်းများနှင့်ကျေးရွာသူ/သားတို့မှ မီးငြှိမ်းသတ်ခဲ့ရာ ၂၂၄၅ 
အချိန် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိသော်လည်း ဆုံးရှုံးမှုတန်ဖိုး(၇)သိန်း
ကျပ်ခန့် ဖြစ်ကြောင်း သတင်းရရှိသည်။



  ရဲဇာနည် 

0 comments:

Post a Comment