Pages

Monday, December 3, 2012

ကချင်ပြည်နယ်လော့ပွမ်နယ်မြေ တိုက်ပွဲတွင် မြန်မာစစ်တပ်မှ

လော့ပွမ်တိုက်ပွဲတွင် ဗမာစစ်ဗျူဟာမှူးကျဆုံး

ဒီဇင်ဘာ (၃) တနင်္လာ post by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုး၇ တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) နယ်မြေဖြစ်သော လော့ပွမ် တွင် ဒီဇင်ဘာ (၂) ရက်နေ့၌ ကေအိုင်တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

 ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ ဗျူဟာမှူးတစ်ဦး အပါအ၀င် တပ်သား အများအပြားကျဆုံးကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေ တပ်စခန်းသို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာပြီး၊ နောက်တန်းမှလည်း (၁၂၀မမ) လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် ကူညီပေးခဲ့ကြောင်း၊ ဗမာစစ်တပ်များ ဤသို့ စစ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်စခန်းတစ်ခုကို လက်လွှတ်ခဲ့ရကြောင်း သတင်းရရှိပါသည်။

 ကေအိုင်အေမှ လက်လွှတ်သွားသော တပ်စခန်းကိုပြန်လည်ရရှိရန် စစ်အင်အားများပြန်လည် ပို့ဆောင်လျက်ရှိပြီး၊ ယခုချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရ ဗမာစစ်သားများကို စစ်ကား (၃) စီးဖြင့် ၀ိုင်းမော်သို့ တင်ဆောင်လာကြောင်း ၀ိုင်းမော်မြို့ ဒေသခံ များထံမှ သိရှိရသည်။



ဒီဇင်ဘာ ၃

ကချင်ပြည်နယ် ကေအိုင်အိုအစိုး၇ တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) နယ်မြေဖြစ်သော လော့ပွမ် တွင် ဒီဇင်ဘာ (၂) ရက်နေ့၌ ကေအိုင်တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ ဗျူဟာမှူးတစ်ဦး အပါအ၀င် တပ်သား အများအပြားကျဆုံးကြောင်း သတင်း
ရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေ တပ်စခန်းသို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်
လာပြီး၊ နောက်တန်းမှလည်း (၁၂၀မမ) လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် ကူညီပေးခဲ့ကြောင်း၊ဗမာစစ်
တပ်များ ဤသို့ စစ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်စခန်းတစ်ခုကို လက်လွှတ်ခဲ့ရကြောင်း သတင်းရရှိပါသည်။

ကေအိုင်အေမှ လက်လွှတ်သွားသော တပ်စခန်းကိုပြန်လည်ရရှိရန် စစ်အင်အားများပြန်လည် ပို့ဆောင်လျက်ရှိပြီး၊ ယခုချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရ ဗမာစစ်သား
များကို စစ်ကား (၃) စီးဖြင့် ၀ိုင်းမော်သို့ တင်ဆောင်လာကြောင်း ၀ိုင်းမော်မြို့ ဒေသခံ များထံမှ သိရှိရသည်။



JadeLand News:

0 comments:

Post a Comment