Pages

Thursday, December 6, 2012

ဆုရွေးချယ်ရေးအဖွဲ့ အပြောင်းအလဲနှင့် အကယ်ဒမီအကြို မြင်ကွင်းများ

 ဆုရွေးချယ်ရေးအဖွဲ့ အပြောင်းအလဲနှင့် အကယ်ဒမီအကြို မြင်ကွင်းများ



မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခုနှစ်ကုန် ဒီဇင်ဘာ ၃၀ ရက်မှာ ရန်ကုန်မြို့မှာ ငါးနှစ်အတွင်း ပထမဆုံး
အကြိမ် ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျင်းပနေကျ နေပြည်တော်မဟုတ်ဘဲ ရန်ကုန်မှာ ပြန်ကျင်း
ပမှာဖြစ်လို့ အကယ်ဒမီပေးပွဲ နီးကပ်လာတာနဲ့အမျှ ခရီးသွားဖို့လာဖို့ တည်းဖို့ခိုဖို့ ကြိုတင်ပြင်ဆင်ရတဲ့ အ
လုပ်တွေ သက်သာသွားတယ်လို့ အနုပညာရှင် တော်တော်များများက တညီတညွတ်တည်း ဖြေကြားကြပါ
တယ်။

ဒါပေမဲ့ အရင်နှစ်တွေနဲ့မတူ ထူးခြားတာက ပွဲကျင်းပဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် အကယ်ဒမီကို
ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးနေပြီး ယခင်နှစ်များလို ခန့်မှန်းပညာရှင်တွေကို ထင်ကြေးပေးတာ
တွေ၊ အနုပညာရှင်တွေရဲ့ အကယ်ဒမီရင်ခုန်သံတွေလည်း ငြိမ်သက်နေခြင်းပါပဲ။

၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများကို စိစစ်အကဲဖြတ်တဲ့ အဖွဲ့ထဲမှာ ဒီနှစ်ကစပြီး အနုပညာရှင်တွေထဲက ပါဝင်လာကြတဲ့အတွက် ဆုရွေးချယ်မှုစနစ် ပိုပြီးအနုပညာမြောက်မယ်လို့တော့ ထင်
မြင်ကြတဲ့ အနုပညာရှင်အများစုလည်း ရှိကြပါတယ်။ နှစ်သစ်ကိုကြိုရင်း ကျင်းပမယ့် ၂၀၁၁ အကယ်ဒမီပွဲ
အပေါ် အနုပညာရှင်တွေရဲ့အမြင်၊ သူတို့ရဲ့ ပွဲတက်ဖက်ရှင်တို့ကို စုစည်းတင်ဆက်လိုက်ပါတယ်။

ဇာတ်ကားဆိုရင် တစ်ကားတည်းပဲရှိနေဦးတော့ အကယ်ဒမီနဲ့ ထိုက်တန်ပါတယ်။ ပွဲတက်ဒီဇိုင်းကတော့
ယာက်ျားလေးဖြစ်တဲ့အတွက် ထူးထူးခြားခြား မရှိပါဘူး။ ရန်ကုန်မှာလုပ်တာဖြစ်လို့ တော်တော်အလုပ်ရှုပ် သက်သာသွားပါတယ်။



နေတိုး

ရန်ကုန်မှာကျင်းပတဲ့အတွက် သွားရလာရတာ အရမ်းလွယ်ကူသွားတယ်။ လူစုံတက်စုံလည်း တက်ရောက်
ခွင့်ရှိသွားတယ်။ ပွဲတစ်ပွဲဆိုတာ စည်စည်ကားကားဖြစ်လေ၊ ပိုအောင်မြင်လေလေပါပဲ။ အဆက်ဆက်က
လည်း ရန်ကုန်မြို့မှာပဲ လုပ်ခဲ့တာဆိုတော့ ရန်ကုန်မှာပြန်လုပ်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။

ဆုရွေးချယ်မှုနဲ့ ဆုပေးတဲ့အပိုင်းကိုတော့ ကျွန်တော် သိပ်စိတ်မ၀င်စားပါဘူး။ အနုပညာပိုင်းကိုပဲ စိတ်ဝင်စား
ပါတယ်။ ဘယ်သူတွေ ရနိုင်ခြေရှိတယ်ဆိုတာလည်းကျွန်တော်မသိပါဘူး။အကယ်ဒမီပွဲတက်ဝတ်စုံကတော့
ယွန်းရွှေရည်ပိုးထည်တိုက်ပါ။ ဒီဇိုင်နာကတော့ မင်းသက်စံပါ။ အရောင်ကိုတော့ ကျွန်တော် မသေချာသေး
လို့ မပြောနိုင်သေးပါဘူး။



ဒါရိုက်တာ ညီညီထွန်းလွင်

အကယ်ဒမီကတော့ ဂျာနယ်တွေထဲမှာ ပါတာတွေပဲသိရတယ်။ 'ထာဝရ အလင်းတန်းများ' တို့၊ 'ပန်းကြာဝတ်
မှုန်' တို့ပေါ့။ ကျွန်တော်ကတော့ ရုပ်ရှင်မကြည့်ဖြစ်တာများတယ်။ မင်းသားမင်းသမီးပိုင်းလည်း အဲဒီနှစ်ကား
ထဲကလူတွေ ရနိုင်တာပေါ့။



ဟိန်းဝေယံ

အကယ်ဒမီ ပွဲတက်ဝတ်စုံအတွက် ၀ါရွှေစင်ပိုးထည်တိုက်က စပွန်ဆာပေးထားပါတယ်။ ခဲရောင်ဝတ်ဖြစ်ပါ
မယ်။ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ ဒီနှစ် အကယ်ဒမီက အရင်နှစ်တွေနဲ့ မတူတော့ဘူး။ နေပြည်တော်ကို မ
သွားရတော့တဲ့အတွက် အချိန်ကုန်လည်း သက်သာသွားတယ်။

ဆုရွေးချယ်ရေးအဖွဲ့မှာလည်း အနုပညာလောကထဲက အနုပညာရှင်တွေ သက်ဆိုင်ရာအဖွဲ့ထဲမှာ ပါလာ
တဲ့အတွက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ရွေးချယ်ကြမယ်လို့ကြားတော့ အနုပညာရှင်တွေပါဝင်အကဲဖြတ်
ခွင့် ရလာမယ့်အပေါ်မှာ ဆုက ပိုပြီးအသက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။



ကျော်ကျော်ဗို

အကယ်ဒမီပေးပွဲအတွက် ပွဲတက်ဝတ်စုံကတော့ ကျွန်တော့်အမျိုးသမီးပဲ နှစ်တိုင်းစီစဉ်တာပါ။ ဒီနှစ်လည်း ဘာဝတ်ဖြစ်မလဲဆိုတာ သူစီစဉ်တဲ့အပေါ် မူတည်ပါတယ်။ အကယ်ဒမီပွဲအပေါ် အမြင်ကတော့ တတ်သိနား
လည်တဲ့ အနုပညာရှင်တွေ ပါဝင်ဆုံးဖြတ် စိစစ်ထားတဲ့အတွက် အရင်နှစ်တွေထက် စာရင်းအပြောင်းအလဲ ရှိကောင်းရှိမှာပါ။ ရန်ကုန်မှာ ကျင်းပတာဖြစ်တဲ့အတွက်လည်း အားလုံးအတွက် ပိုပြီးအဆင်ပြေသွားပါတယ်။



အကယ်ဒမီ ထွန်းအိန္ဒြာဗို

ဒီနှစ် အကယ်ဒမီက အပြောင်းအလဲတွေရှိနေတော့ ကျွန်မစိတ်ဝင်စားပါတယ်။ အခြေအနေကို စောင့်ကြည့်
နရတဲ့ အနေအထားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲသွားတဲ့ အနေအထားကို သိပ်ဝမ်းသာပါတယ်။ သိပ်
ကြိုဆိုပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ယုံကြည်ပါတယ်။



ဒါရိုက်တာ ၀င်းထွန်းထွန်း

အကယ်ဒမီပေးပွဲကတော့ ပွဲပြီးမှပဲ အပြောင်းအလဲကို သိရမှာပါ။ ဒီနှစ် ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ အနုပညာ
ကို နားလည်တတ်ကျွမ်းတဲ့သူတွေ ပါလာတော့ အရင်နှစ်တွေကထက်စာရင် ပိုကောင်းလာမယ်လို့တော့
 မျှော်လင့်နိုင်ပါတယ်။



ချစ်သုဝေ

အကယ်ဒမီဝတ်စုံကို ဒီဇိုင်နာမပုံ့(My Favourite) က စီစဉ်ပေးတယ်။ ထရီဇာက ချိတ်ဝမ်းဆက်ဝတ်ဖို့ စဉ်းစား
ထားတယ်။ ခုနောက်ပိုင်း ချိတ်စစ်စစ်တွေကို သိပ်မ၀တ်ဖြစ်ကြလို့ ၀တ်ဖို့စဉ်းစားတာပါ။ မိတ်ကပ်ကတော့ အန်တီနှင်း(ဒီဇင်ဘာနှင်း) နဲ့ ပြင်ဖြစ်ပါတယ်။ ချိတ်ကတော့ ယဉ်သူထိုက် ပိုးထည်က စပွန်ဆာပေးတာပါ။

ဆုရွေးချယ်မှုအပေါ် အမြင်ကတော့ ရုပ်ရှင်ဘက်က အနုပညာရှင်တွေ ပါဝင်ဆုံးဖြတ် ရွေးချယ်ခွင့်ရလာတဲ့
အတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ရန်ကုန်မှာပဲ ကျင်းပတဲ့အတွက် သွားလာရတာ အရမ်းလည်း အ
ဆင်ပြေသွားပါတယ်။



ဒီဇိုင်နာမပုံ့ (My Favourite)

အကယ်ဒမီပေးပွဲအတွက် သက်မွန်မြင့်၊ ခင်လေးနွယ်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ သက်သခင်တို့ကို ၀တ်စုံ စီစဉ်ပေးဖြစ်ပါတယ်။ အရောင်နဲ့ ဒီဇိုင်းကတော့ သရုပ်ဆောင်တွေရဲ့ အကြိုက်ပေါ်မူတည်ပြီးတော့ အကောင်း
ဆုံး ဖန်တီးပေးသွားမှာပါ။ ခေတ်ပုံစံရော ရိုးရိုးပုံစံပါ နှစ်စုံ၊ သုံးစုံလောက် လုပ်ထားပါမယ်။



ယုသန္တာတင်

အကယ်ဒမီအတွက် မြတ်ပန်းပွင့်ပိုးထည်တိုက်က စပွန်ဆာပေးထားပါတယ်။ ၀တ်စုံဒီဇိုင်းကတော့ မြတ်စုပါ။ အရောင်ကတော့ ဘာဝတ်ဖြစ်ဦးမလဲတော့ မသိသေးပါဘူး။ ဒီနှစ်ကတော့ အကယ်ဒမီပေးပွဲကို အနုပညာ
ရှင် တစ်ယောက်အနေနဲ့ ပထမဆုံး တက်ရောက်မှာပါ။



အိန္ဒြာကျော်ဇင် + ပြေတီဦး

ဝတ်စုံဒီဇိုင်းကတော့ Vivid ဖက်ရှင်ကပါ။ မိတ်ကပ်က ခင်စန်းဝင်းနဲ့ လိမ်းဖြစ်ပါတယ်။ ကိုပြေတီဦးအတွက် ၀တ်စုံကတော့ ၀ါရွှေစင်ပိုးထည်က ဆင်ထားပေးပါတယ်။ ဒီနှစ်က ရန်ကုန်မှာကျင်းပတဲ့အတွက် သွားရလာ
ရတာ အရမ်းအဆင်ပြေသွားပါတယ်။ ဆုရွေးချယ်မှုပိုင်းကလည်း ဒီအနုပညာလောကအကြောင်းကို ပိုပြီး
နားလည် တတ်ကျွမ်းတဲ့သူတွေ ပါလာတဲ့အတွက် ပိုပြီးကောင်းလာမယ်လို့ ထင်ပါတယ်။



ဒါရိုက်တာ စင်ရော်မောင်မောင်

ရန်ကုန်မှာ တစ်ကျော့ပြန် တက်ရမယ်ဆိုတော့ ဖီလင်နောက်တစ်ခု အသစ်ရတာပေါ့နော်။ အဓိက အသက်
ကြီးတဲ့သူတွေအတွက် ပါပါတယ်။ အသက်ကြီးတဲ့သူတွေက လေးနာရီခရီးထိ မသွားဘဲနဲ့ တန်းတက်လို့ရ
တာပေါ့နော်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရန်ကုန်မြို့လူထုတွက် အခုလို အလှည့်ကျလေးလုပ်ပေးလိုက်တော့
ကောင်းတာပေါ့။

အဲဒါလေး ပြောချင်ပါတယ်။ ကျွန်တော်က အကယ်ဒမီတက်ရင် ဒီဇိုင်နာမရှိပါဘူး။ ကျွန်တော့်မှာရှိတဲ့ ဥစ္စာကို သားနဲ့ နှစ်ယောက်ဝတ်ပြီး သွားကြတယ်။ အသစ်ချုပ်တာပဲ။ စပွန်ဆာက မင်းသား၊ မင်းသမီးတွေပဲ များပါ
တယ်။

ကျွန်တော်တို့က ဒါရိုက်တာတွေက ဒါမျိုးမရှိပါဘူး။ ကျွန်တော် သားသားနဲ့ပဲ သွားနေကျလေ။ သားသားနဲ့ပဲ သွားမှာပါ။ ကျွန်တော်တို့ ရုပ်ရှင်မှာ လေးစားရတဲ့ ဆရာဝင်းဖေတို့၊ ဦးအောင်သိန်းမြင့်တိုပ အစရှိတဲ့ ပုဂ္ဂိုလ်
တွေ ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ပါလာတဲ့အတွက် ၀မ်းသာပါတယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုပါတယ်။



မယ်လိုဒီ

ကျွန်မ၀တ်မယ့် အ၀တ်အစားတွေကတော့ နန်းထိုက်က ပိုးထည်ပဲဝတ်မှာပါ။ မိတ်ကပ်က မကြီးစန်းပဲပေါ့။ ဒီဇိုင်နာက မစု(ဗိဿနိုး)၊ ရန်ကုန်မှာ လုပ်တော့ ကောင်းပါတယ်။ အကုန်လုံးတက်လို့ ရတယ်။ အကဲဖြတ်
တွ တိုးလာတဲ့အခါကျတော့ ပိုကောင်းတာပေါ့။ အကုန်လုံး ၀ိုင်းဝန်းပြီးတော့ ကြည့်ပေးနိုင်တာပေါ့နော်။
 ကောင်းပါတယ်။ ရန်ကုန်မှာပဲဆိုတော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သွားဖြစ်မှာပါ။



စိုးနန္ဒာကျော်

တက်ဖြစ်ဖို့ များပါတယ်။ သမီးကြားတာတော့ ဒီနှစ်က ရန်ကုန်မှာလုပ်ဖြစ်တယ်လို့ ကြားတယ်ရှင့်။ အရင်နှစ်
က နေပြည်တော်မှာဆိုတော့ သမီးတို့ အနုပညာရှင်တွေ အခက်အခဲဖြစ်တယ်လို့ ထင်တယ်။ ရန်ကုန်မှာဆို
တော့ ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။ အ၀တ်အစားတွေက စီစဉ်ဖို့ လုပ်နေကြပါတယ်။ Aroma ကလည်း
ပေးတယ်။ တချို့ ဒီဇိုင်နာတွေကလည်း စပွန်ဆာပေးတယ်။

ဒါပေမဲ့ သမီး ဘယ်သူ့ဆီမှာ ချုပ်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ သမီးတို့မောင်နှမတွေ အားလုံး အားလို့
ရှိရင် သမီးတို့ The Sign of Love အဖွဲ့သားအားလုံး တက်ဖြစ်လိမ့်မယ်။ အားလုံး စုစုလုံးလုံးပေါ့နော်။ အဲ့ဒီ
လိုမဟုတ်ရင် သမီးတို့အမေနဲ့ပဲ သွားဖြစ်မှာပါ။



စိုးပြည့်သဇင်

စိုးပြည့် အနုပညာလောကထဲ စ၀င်တည်းက ရန်ကုန်မှာ မကျဖူးဘူး။ ပထမဦးဆုံးဆိုတော့အတွေ့အကြုံသစ်
ပါ့နော်။ စိုးပြည့်ဝတ်မှာက Karat Silk၊ မစိုးမြတ်နန္ဒာက စပွန်ဆာပေးတာပေါ့။ Karat Silk က ပိုးထည်ကို မလတ်နဲ့ချုပ်ပါမယ်။ မိတ်ကပ်ကတော့ စီစီ(ခင်စန်းဝင်း) ပါ။ အကယ်ဒမီပေးပွဲက ကိုယ့်ရန်ကုန်မှာပဲဆိုတော့ ကိုယ့်ဘာသာကိုယ် သွားဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးမယ့်အချိန်တွေက မတူကြတော့လေ ပြင်ဆင်
တာ။ စိုးပြည့် သိပ်တော့ နားမလည်ပါဘူး။ လူကြီးတွေ စီစဉ်တာ ကောင်းမယ်ထင်လို့ စီစဉ်ကြတာ။



ဝင့်ယမုံလှိုင်

အကယ်ဒမီပွဲဆိုတာ နှစ်တိုင်းနှစ်တိုင်း လုပ်နေတော့ ဘယ်လိုပြောရမှာလဲ အရမ်းပျော်စရာကြီးပေါ့။ ရင်ခုန်
စရာကြီးပေါ့။ ၀တ်မယ့် အ၀တ်အစားတွေကတော့ သမီးတို့ကိုစီစဉ်ပေးမယ့် လူတွေတော့ ရှိတယ်ပေါ့နော်။ သမီးတို့တက်ဖြစ်မယ်ဆိုရင် The Sign of Love တစ်ဖွဲ့လုံး တက်ဖြစ်မယ်ဆိုတော့ အဲ့ဒီအတွက် သူတို့ဘယ်လို စီစဉ်ပေးမလဲ မသိသေးဘူး။ ဒီဇိုင်းပိုင်းလည်း သူတို့ပဲ လုပ်ပါလိမ့်မယ်။



မောင်မျိုးမင်း (ရင်တွင်းဖြစ်)

အကယ်ဒမီက အရင်ပွဲနဲ့ အခုပွဲနဲ့ ဘာကွာလဲဆိုတာတော့ မရောက်သေးတော့ မပြောတတ်သေးဘူး။ အ၀တ်
အစားက မြန်မာဆန်ဆန်ပဲဝတ်မယ်။ ၀ါရွှေစင်က ပိုးထည်ပေးတယ်။ဖိနပ်ကဆင်ကိုးကောင်၊ ဒီဇိုင်နာက မင်း
သက်စံ၊ ဦးနဲ့ ဦးမိန်းမနဲ့ပဲ သွားမှာပါ။



ချစ်စနိုးဦး

ဒီနှစ် ရန်ကုန်မှာလည်း ပြောင်းလုပ်တယ်။ ပြီးတော့အစစအရာရာအကုန်လုံး ပြောင်းမယ်လို့တော့အကောင်း
ဆုံးကိုတော့ မျှော်လင့်ထားတယ်။ ဒီဇိုင်းက မန္တလေးက အဉ္ဇလီဇော်ထက်။ ချိတ်က တော်ဝင်နဒီ၊ဖိနပ်ကShoe
Gallery၊ လက်ဝတ်ရတနာက မိဘရတနာဆိုင်၊ မိတ်ကပ်က ငယ်ငယ်(အေးချစ်မွန်)၊ရန်ကုန်မှာဆိုတော့ ကိုယ့်
ဘာသာကိုယ် သွားဖြစ်မယ်။


အးသူစံ၊ ကြူကြူဟန်

7DayNews

0 comments:

Post a Comment