Pages

Saturday, November 24, 2012

သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသိုကောင်းကင်မှ ထူးဆန်းစွာ ကျလာသည့် သံသတ္တုပစ္စည်းမျာ့းကျရောက်လာ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊
(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်းအစ ၁ ခု သည် မြည်ဟီးသံနှင့် အတူကျလာ ခဲ့ကြောင်းသတင်းရရှိ
သည်။
အလားတူ နိုဝင်ဘာလ ၂၂၁၃၀၀ ချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာ
ရှိ ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး (သံကျွတ်) လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ ဘေး
တစ်ဖက် တစ်ချက်တွင် မူလီ ၄ လုံးစီပါရှိသည့် သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို ဝဲကလိ ကျေးရွာနေ ဦးနေ
ဝင်းဇော်နှင့် ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

တဖန် သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ ဦးစံသိန်း (၄၂)နှစ်(ဘ)ဦးအောင်
ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေးချိန် ၄၀ ဂရမ်ရှိအပေါက်
ငယ် ၄ ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်းမှ တွေ့ရှိခဲ့ကြောင်းထပ်မံ သတင်းရရှိပါသည်။

Add caption
Add caption
Add caption
Add caption
Add caption
မြ၀တီသတင်း

0 comments:

Post a Comment