Pages

Saturday, November 24, 2012

ရေဂါလန် (၄၅)သန်း တိုးမြှင့် ဖြန့်ဝေနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်နှင့် ကုမ္ပဏီသုံးခု ပူးပေါင်းဆောင်ရွက်


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် (၃၃) မြို့နယ်ရှိ မြို့တော်နေ ပြည်သူ ၅ ဒသမ ၂ သန်း အတွက် နေ့ စဉ် ရေဂါလန် သန်း(၁၆ဝ) ဖြန့်ဝေပေးလျက် ရှိရာမှ လာမည့် ၂ဝ၁၃ ခုနှစ် နှစ်လယ်တွင် ငမိုးရိပ် ရေ သန့်စင် စက်ရုံမှ ရေဂါလန် (၄၅)သန်း ထပ်မံတိုးမြှင့် ဖြန့်ဝေသွားမည် ဖြစ်သည်။ ယင်းကဲ့သို့ ထပ်မံ တိုးမြှင့် ပေးဝေမှု များအရ ၂ဝ၁၃ ခုနှစ် နှစ်လယ်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သည် နေ့စဉ် ရေပေးဝေ မှု ရေဂါလန် စုစုပေါင်း (၂ဝ၅) သန်းအထိ တိုးမြှင့်ဖြန့်ဝေ ပေးနိုင်မည် ဖြစ်သည်။
 
အနာဂတ် ရန်ကုန် မြို့တော် သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရန် ကုက္ကိုဝ မြစ်ရေတင် စီမံ ကိန်းနှင့် ရေဖြန့်ဝေမှု စနစ်သစ် ကျင့်သုံး နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ပြည် တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီ သုံးခုဖြစ်သော ရွှေတောင် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ၊ ကိုရီးယား K-Water ကုမ္ပဏီနှင့် Chengdo Longxiang ကုမ္ပဏီတို့ ပူးပေါင်း၍ အကြို လေ့လာမှု၊ သဘောတူ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ  အခမ်း အနားကို နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ အလံပြ ဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ဖြစ်သော ရွှေတောင် ဖွံ့ဖြိုး တိုး တက်မှု ကုမ္ပဏီနှင့် ကိုရီးယား K-Water ကုမ္ပဏီ တို့သည် ရေပေးဝေမှု စနစ်သစ်ကို ပိုမို ကောင်းမွန် စွာ ပေးဝေ နိုင်ရေးအတွက် အကြို လေ့လာမှု လုပ်ငန်းများကို စနစ်တကျ အသေးစိတ် လေ့လာ ဆောင်ရွက် သွားမည်ဖြစ်သည်။ 
 
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ပြည်ပ ကုမ္ပဏီ ဖြစ်သော Chengdo Longxiang ကုမ္ပဏီတို့ ပူးပေါင်း၍ မဟာ ရန်ကုန် မြို့ပြနေ ပြည်သူများနှင့် သီလဝါ စက်မှုဇုန် အထိ သောက်သုံးရေ များကို လုံလောက်စွာ ပေးဝေနိုင်ရန် ကုက္ကိုဝ မြစ်ရေတင် စီမံကိန်း အတွက် ရေအရင်း အမြစ်များကို လှိုင်မြစ်ရေမှ ရှာဖွေ ဖော်ထုတ်ပြီး အကြို လေ့လာမှု လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 
မြ၀တီ
 

0 comments:

Post a Comment