Pages

Monday, November 12, 2012

(၁)နှစ်သားအရွယ်ကလေးငယ် အုတ်ရိုက်သံနှင့်ဆော့ကစားရင်းမျိုချမိ


ထောက်ကြန့်မြို့၊ရဲစုတောင်ရပ်ကွက်၊မတ္တာမွန်လမ်းနေဦးကျော်စိုးလင်း+ဒေါ်ခိုင်ဇင်လတ်တို့၏သားဦး ၁နှစ်အရွယ်ရှိ မောင်ကျော်
မင်းဟိန်းသည်၂၉-၁၀-၂၀၁၂နံနက်၈း၀၀နာရီအိမ်၌ဆော့ကစားနေစဉ်၁လက်မခွဲခန့်ရှိအုတ်ရိုက်သံအားမျို ချမိသွားကြောင်းသတင်း
ရရှိသည်။ထိုသို့မျိုချမိခြင်းကြောင့်ရန်ကုန်ကလေးဆေးရုံကြီးသို့နံနက်၁၀း၀၀နာရီအချိန်တွင်သွားရောက်ပြသပြီးလိုအပ်သော စစ်ဆေးမှုများ
ပြုလုပ်ပြီးဓါတ်မှန်ရိုက်ရာခန္ဓာကိုယ်အတွင်းရှိနေခြင်းကြောင့်ဆေးရုံတွင်စောင့်ကြည့်ပြီး၃၁-၁၀-၂၀၁၂နေ့တွင်ယခင်ဓါတ်မှန်ရိုက်ထား
တာထက်အောက်သို့ကျ နေကြောင်း ထပ်မံ၍ဆေးရုံမှာပဲ စောင့်ကြည့်နေကြောင်း၊
 
 ၃-၁၁-၂၀၁၂ နေ့ တွင်ဓါတ် မှန်ထပ်မံရိုက် ကြည့်ရာအဆိုပါသံကိုမတွေ့ရတော့ ဘဲ ဆေးရုံမှနေ အိမ်သို့ပြန် လာ ကြောင်း၊ ကလေး မှာ
လည်းကျန်းမာ လျှက်ရှိကြောင်း၊ ကလေးဝမ်းသွား လျှင် ဆေးရုံမှာေ ရာနေ အိမ်မှာ ရောသေချာ စွာစစ်ဆေးနေလျှက် ရှိကြောင်း၊ ၀မ်းသွားရာတွင် အဆိုပါသံချောင်း ငယ်ပါဝင်ခြင်းမရှိ သေးပါကြောင်း၊ 
 
၁၀-၁၁-၂၀၁၂နေ့အထိတွေ့ရှိခြင်းမရှိသေးပါကြောင်း၊ဆေးရုံသို့၁၄-၁၁-၂၀၁၂ရက်နေ့တွင်ပြန်လည်ပြသရမည်ဖြစ်ပြီးဆရာဝန်ညွှန်
ကြားချက်အတိုင်းဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းအဆိုပါသံချောင်းငယ်ကိုကလေးပါးစပ်ထဲထည့်မိ တာသိသိခြင်းအချိန်
မီတားဆီးနိုင်ခြင်း မရှိကြောင်း၎င်း၏ဖခင်ဦးကျော်စိုးလင်း မှ ရှင်းပြခြင်းကြောင့်သိရှိရပါ သည်။

အဆိုပါကလေးငယ်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့မသိရှိရသေးဘဲကျန်ကလေးငယ်များအလားတူဖြစ်စဉ်များမဖြစ်ရလေအောင်
မိဘပြည်သူများအနေဖြင့် ကလေးငယ်များအားထိန်းသိမ်းကာ ကွယ်ေ စာင့်ေ ရှာက် ဖို့ရေးသားတင်ပြ လိုက်ရပါသည်။
 
thehotnews

0 comments:

Post a Comment