Pages

Monday, November 12, 2012

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ ဟက်ပီး ဟိုတယ် အက်ကြောင်းများဖြစ်ပေါ် တည်းခိုသူများကို အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရ

စစ်ကိုင်းမြို့ရှိဟက်ပီးဟိုတယ်သည်နိုဝင်ဘာ၁၂ရက်နေ့နံနက်(၁)နာရီကျော်ကထပ်မံလှုပ်ခတ်ခဲ့သောနောက်
ဆက်တွဲငလျင်ဒဏ်ကြောင့်ဟိုတယ်အဆောက်အဦနှင့်စာသောက်ခန်းမကြီးမှာနောက်ဖက်သို့နိမ့်ဆင်းသွားခဲ့
ပြီးအက်ကြောင်းကြီးများဖြစ်ပေါ်ကာဆိုးဆိုးရွားရွား ပျက်စီးထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့အက်ကြောင်းကြီးများဆိုးဝါးစွာဖစ်ပေါ်ခဲ့မှုကြောင့်ဟိုတယ်တွင်တည်းခိုသူများအားညတွင်းချင်းအ
ရးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဟိုတယ်၏ နောက်ဖက်သည်ရှေးယခင်ကသမိုင်းဝင် စင်္ကြံန်ချောင်း ရှိခဲ့ ပြီး မြေစား ထိုး ဆောက် လုပ်ထားခြင်းကြောင့်အောက် ခံမြေသားမှာ အဆောက်အဦ၏ ဝန်ဒဏ် မခံနိုင်သဖြင့် အဆောက် အဦး သည် နောက်ဖက် သို့နိမ့်ဆင်း ယိုင်စောင်းသွားခြင်းဖြစ်နိုင်သည်ဟု စစ်ကိုင်း မြို့ ပန်းပဲတန်း ရပ်ကွက် ရှိဒေသခံ များ ကပြောဆိုနေကြသည်။
 
YMG

0 comments:

Post a Comment