Pages

Wednesday, August 15, 2012

ဧည့်စာရင်းတိုင်ရန်ပျက်ကွက်သည့် အမျိုးသမီးအား ဖမ်းဆီး ထိတ်တုံးခတ်ခံရသည့်အမှု ရုံးချိန်း(၇)ခုတိုင် ထူးခြားမှုမရှိသေး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧည့်စာရင်းတိုင်ရန်ပျက်ကွက်သည့် အမျိုးသမီးအား ဖမ်းဆီး ထိတ်
တုံးခတ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးးတစ်ဦးကို ရပ်ကွက်တွင်း နေထိုင်သူများက မြို့နယ် တရားရုံးသို့ ၀ိုင်းဝန်းတိုင်ကြားမှုကြောင့် ရုံးချိန်း(၇)ခုအထိ စစ်ဆေးပြီးဖြစ်သော်လည်း အမိန့်ချ မှတ်နိုင်ခြင်း မရှိသေး
ကြောင်း သိရှိရသည်။

ပုသိမ်မြို့ စက်ကုန်းရပ်ကွက်တွင် သာပေါင်းမြို့မှ ပြီးခဲ့သည့် (၁)နှစ်ကျော်မှ ပြောင်းရွှေ့နေထိုင်ခဲ့သူ မငြိမ်း
ငြိမ်းသည် မေလက ဧည့်စာရင်းတိုင်ရန် တစ်ရက် ပျက်ကွက်သဖြင့် ၎င်းအား ရပ်ကွက်အုပ်ချုပ် ရေးရုံးက ဆင့်ခေါ်ပြီး ဒဏ်ငွေ(၁၃,၀၀၀) ကျပ်ပေးဆောင်ခိုင်းခဲ့သည်။
 
မငြိမ်းငြိမ်းက ငွေမရှိ၍ ဒဏ်ငွေပေးဆောင်ရန် ငြင်းဆိုသဖြင့် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် အဖွဲ့က တစ်နာရီကျော်ကြာ ထိတ်တုံးခတ်ပြီး အပြစ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
 
 
ရပ်ကွက်တွင်း နေထိုင်သူအချို့က ဦးဆောင်၍ ယင်းကိစ္စကို မြို့နယ်၊ခရိုင်စသဖြင့် အုပ်ချုပ်ရေး ဌာနအ
ဆင့်ဆင့် သို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု တစုံတရာ မရှိခဲ့သဖြင့် ရပ်ကွက်နေထိုင်သူတို့ စုပေါင်း၍ လမ်းလျှောက်ဆန္ဒပြမည်အထိ အာဏာပိုင်များအား ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
 
ထို့ကြောင့် ဇွန်လ(၁)ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံး(၁)ကာအိနြေ္ဒဖျက်မှုဖြင့် တရားရုံးက ယင်းအမှုကို လက်ခံကာ ဇွန်လ (၂၂)ရက်နေ့တွင် စတင်ကြားနာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုတိုင် ထူးခြားမှုမရှိသေး
ကြောင်း မြို့ခံများက ဆိုသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့အား မငြိမ်းငြိမ်းဖက်မှ မချေမငံ ဆက်ဆံခဲ့သည်ဟု ချေပပြောဆိုထားသည်။
 
ရုံးကိုခေါ်တဲ့နေ့မှာ လူကြီးတွေ စောင့်နေတာတောင် နောက်ကျပြီးရောက်လာတယ်၊ ဘာဖြစ်လို့ နောက်ကျ
တာ လည်းမေးတော့ စကားကို မချေမငံပြန်ပြောလို့ ပြသနာတွေ မဖြစ်သင့်ပဲဖြစ်ကုန်တာဟု ရပ်ကွက်
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ချေပပြောကြားခဲ့သည်။
 
လက်ရှိတွင် ပြဿနာဖြစ်ပွားခဲ့သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းမှာ ၎င်း၏ပုံမှန်ရာထူးတွင်ဆက်လက်
 တာဝန်ယူနေဆဲဖြစ်ပြီး လာမည့် သြဂုတ်လ(၁၆)ရက်နေ့တွင် ၎င်း၏ အမှုရုံးချိန်း ရှိကြောင်းကိုလည်း သိရသည်။
 
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယခုကဲ့သို့ အမျိုးသမီးတစ်ဦးအား ထိတ်တုံးခတ်သည့်အထိ အပြစ်ပေး
အရေးယူမှု မလုပ်သင့်ကြောင်း ဧရာဝတီတိုင်း ဒု/တိုင်းဥပဒေအရာရှိ ဦးကြည်ခင်က ဆိုသည်။
 
ဒီလိုလူမျိုးတွေကိုတော့ ဥပဒေအရထိထိရောက်ရောက် အပြစ်ပေးသင့်တယ်၊ ဘာကြောင့်ဖြစ်ဖြစ် မလုပ်
သင့်တဲ့ကိစ္စလို့မြင်မိတယ်ဟု ဧရာဝတီတိုင်း ဒု/တိုင်းဥပဒေအရာရှိက  ပြောသည်။
 
ပုသိမ်မြို့ တရားရုံးချုပ်ရှေ့နေ ဦးနေ၀င်းကမူ ထိတ်တုံးခတ်ခံရသူသည် အမျိုးသားဖြစ်ပါက လူ့အခွင့်အရေး
ဆိုင်ရာဥပဒေများဖြင့် တရားစွဲဆိုနိုင်ပြီး အမျိုးသမီးဖြစ်ပါက ကာအိနြေ္ဒဖျက်မှုဖြင့်ပါ ထပ်မံတရားစွဲဆိုနိုင်
ကြောင်း အကြံပြုထားသည်။
 
ပုသိမ်မြို့၌ တပ်မတော်အစိုးရလက်ထက်တွင် ရပ်ကွက်ရုံးများက ဧည့်စာရင်းစစ်သည့်အခါတွင် ဧည့်စာ
ရင်းတိုင်ရန်ပျက်ကွက် သူများအား တွေ့ရှိပါက ဒဏ်ငွေ မြန်မာကျပ်ငွေ ၂ ထောင်မှ ၅ ထောင် ကျပ်ထိ
 ဆောင်ခိုင်းလေ့ရှိကြောင်း သိရှိရသည်။ သို့သော် ပုသိမ်မြို့တွင်းရှိ ရက်ကွက်တွင်းများတွင် ဧည့်စာရင်း မစစ်သည်မှာ (၁)နှစ်ခန့်ကြာပြီဖြစ်ကြောင်းကိုလည်း မြို့ခံများကဆိုသည်။


မျိုးမင်းထွန်း-ဧရာဝတီတိုင်း
 

0 comments:

Post a Comment