Pages

Wednesday, August 15, 2012

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်က နှစ် ၃၀ စာချုပ်နဲ့ ရောင်းချထားတဲ့ ဈေးဆိုင်ခန်း ၂၂ ခန်းကို စည်ပင် သာယာက မနက်ဖြန်နောက်ဆုံးထား ဖယ်ရှားခိုင်းနေ


Photo: ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်က နှစ် ၃၀ စာချုပ်နဲ့ ရောင်းချထားတဲ့ ဈေးဆိုင်ခန်း ၂၂ ခန်းကို စည်ပင်သာယာက မနက်ဖြန်နောက်ဆုံးထား ဖယ်ရှားခိုင်းနေတာနဲ့ ပတ်သက်ပြီး   ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို အကူအညီတောင်းခံခဲ့ကြောင်း သိရပါတယ်။  

 အဲဒီဆိုင်ခန်းတွေကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် သြဂုတ်လက စည်ပင်ဌာနအတွင်းရေးမှုးရဲ့သားဖြစ်သူ ဦးဝဏ္ဏကြည်ဝင်းဆိုသူက ကျပ်ငွေ ၄၅ သိန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး  လွန်ခဲ့တဲ့ ၂ လမှာ စည်ပင်သာယာက ဒီဆိုင်ခန်းနေရာတွေမှာ အဆင့်မြင့်ဈေးကြီးအဖြစ် တည်ဆောက်မှာဖြစ်တဲ့အတွက် အမြန်ဆုံးဖယ်ရှားပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ မပြောင်းရွေ့ရရေးအတွက် နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီး၊ စည်ပင်ဌာန  နဲ့ လူ့အခွင့်အရေးကောက်မရှင်အထိ အသနားခံစာ တင်ပြခဲ့ပေမဲ့ အကြောင်းမထူးဘဲ မနက်ဖြန် သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ဖိအားပေးလာတဲ့အတွက်  ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို လာရောက် အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေဟာ  လစဉ် စည်ပင်ခွန် ၅ သောင်းနှုန်းပေးဆောင်ရသလို အမြတ်ခွန်၊ အမှိုက်ခွန် စတာတွေလဲ မှန်မှန်ပေးဆောင်ရကြောင်းလဲ ပြောပါတယ်။ 

လူနေ နှစ်ထပ်ဆိုင်ခန်းတွဲတွေဖြစ်တဲ့အတွက် အခုလို ဖိအားပေးပြောင်းရွှေ့ခိုင်းနေတာကြောင့်  မိသားစုတွေအနေနဲ့ အခက်အခဲကြုံနေရကြောင်း သိရပါတယ်။

0 comments:

Post a Comment