Pages

Friday, July 27, 2012

ရတနာပုံ Call Center က (၂၄) နာရီ ကျန်းမာရေးဝန်ဆောင်မှုပေးနေ


ရတနာပုံ Call Center တွင် ၂၄ နာရီ ကျန်းမာရေးဝန်ဆောင်မှုအနေနှင့် အသင်းဝင်နိုင်ပြီဖြစ်ပြီးဆရာဝန်နှင့်သူနာပြုများပါ အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။


ဖုန်းနံပါတ် ၁၈၇၅ လိုင်းခွဲ (၁)ကို နှိပ်လိုက်ပါက (၂၄) နာရီဆရာဝန်များကိုအိမ်တိုင်ရာရောက်ခေါ်ယူကုသနိုင်ပြီးဖြစ်သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအားဇူလိုင်လလယ်ပိုင်းကစတင်ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ကြောင်း ရတနာပုံ Call Center က သိရှိရသည်။

ဆရာဝန်ပင့်ရင်တော့ ခြေကြွခတစ်သောင်းငါးထောင် ပေးရမယ်။ဆေးဖိုးကိုတော့ထပ်ပေးရမယ်။ ပြီးရင်ခရီးစရိတ်လည်း ပေးရမယ်။ အဖွဲ့ဝင်မိသားစုတွေဆိုရင်တော့ကျွန်တော်တို့ လျော့ပေးပါမယ်။ ဘယ်လောက် လျော့မယ်ဆိုတာကိုတော့ ပြောလို့မရပါဘူး။” ဟု ရတနာပုံ Call Center မှလိမ်းဂျော့က ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသင်းဝင်ပုံစံသုံးမျိုးရှိဖြစ်ပြီး Silver အသင်းဝင်အနေနဲ့ တစ်နှစ်လျှင် ငွေကျပ်နှစ်သိန်းနှစ်သောင်း၊ Goldအသင်းဝင်အနေနဲ့ တစ်နှစ်လျှင် ငွေကျပ်နှစ်သိန်းနှစ်သောင်းနှင့် Diamondအသင်းဝင်အနေနှင့် ငွေကျပ်သုံးသိန်းနှစ်သောင်း   ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ကျွန်တော်တို့ဆီမှာ ၀န်ထမ်း (၃၀၀)ရာ ကျော်ရှိပါတယ်။ ၀န်ထမ်းရဲ့ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ရင်းနဲ့ ဒီအစီအစဉ် လုပ်ဖြစ်သွားတာပါ။ဟု ရတနာပုံ Call Center မှ တာဝန်ရှိ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

Silver အသင်းဝင်ဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှုအနေနှင့် ၁၂ မျိုးပေးမည်ဖြစ်ပြီး တစ်နှစ်လျှင်၂ ကြိမ်ကျန်းမာရေး စစ်ဆေးပေး မည်ဖြစ်ကြောင်း အဆိုပါစောင့်ရှောက်မှု ၁၂ မျိုးမှာ တီဗွီဓါတ်မှန် ရိုက်ပေးခြင်း၊ အီးစီဂျီရိုက်ပေးခြင်း၊ ရင်ဘတ်ဓာတ်မှန် ရိုက်ပေးခြင်း ၊ သွေးချိုတိုင်းပေးခြင်း၊ သွေးဓာတ်ပါဝင်မှု စစ်ဆေးပေးခြင်း၊ သွေးအုပ်စု စစ်ဆေးပေးခြင်း၊   သွေးနီဥသွေးဖြူဥစစ်ဆေးခြင်း၊   ကျောက်ကပ်စစ်ဆေးပေးခြင်း၊ဆီးအရောင်စစ်ခြင်း၊ ၀မ်းစစ်ဆေးပေးခြင်းစသည်တို့ဖြစ်ကြောင်း  သိရသည်။

Gold အသင်းဝင်အနေနှင့် တစ်နှစ်လျှင်ကျန်းမာရေးစောင့်ရှောက်မှု ၃ ကြိမ်ပြုလုပ်မည်ဖြစ်ပြီး Silver အသင်းထက် ၂ မျိုးပိုကာ ဘီပိုးစစ်ပေးခြင်းနှင့် သွေးနီအနည်ထိုင်ခြင်းကိုပါ စစ်ဆေးပေးမည် ဖြစ်ကြောင်း ရတနာပုံ Call Center မှ လိမ်းဂျော့က ပြောသည်။

Diamond အသင်းဝင်များအနေနဲ့ တစ်နှစ်လျှင် ကျန်းမာရေးစစ်ဆေးမှု ၄ ကြိမ်ပြုလုပ်ပေးမည်ဖြစ်ပြီး စီပိုးပိုးနှင့်ကျန်းမာရေး
စောင့်ရှောက် မှုအား လိုအပ်သလို ပြုလုပ်ပေးမည်ဖြစ်သည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment