Pages

Friday, July 27, 2012

နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ် ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့ )ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်ရှိ သူရဟိန်းဆို သူဖြစ်ပြီး ၄င်းကိုယ်တိုင် မှလည်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ဇေယျာသီရိမြို့၊ရေဆင်းရွာနေ မငယ်လေး အသက် ၂၅ နှစ်သည် ၄င်း၏ အဒေါ်ဖြစ်သူ နှင့်အတူ အထက်ပါ ပျဉ်းမနား-တပ်ကုန်းပြေး တော်ဝင်ဘတ်စ်ကား စီးလာစဉ် လွယ်ထားသည့် စလင်းဘက်အိတ် ဇစ်ပြုတ် နေပြီး ချေရာလက်ရာ ပျက်ယွင်းနေသဖြင့် စစ်ဆေးရာ အိတ်တွင်းပါ ပိုက်ဆံ ငါးထောင်တန် သုံးရွက်လျော့နေသဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် တို့အားအသိပေးခဲ့ကြောင်း၊



 မော်တော်ယာဉ် ၀န်ထမ်းများမှာ သိလျင်သိချင်း ကားတက်ဆင်းတံခါးများ ပိတ်ကာ ဘောဂသီရိကားဝင်း အတွင်းမောင်းနှင်၍ သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် စစ်ဆေးခဲ့ကြောင်း၊


ယင်းသို့ စစ်ဆေးရာ တရားခံဖြစ်သူ သူရဟိန်း ၏ ပုဆိုးတွင်းမှ မငယ်လေး ပျောက်ဆုံးသွားသည့် ငါးထောင်တန် သုံးရွက်ကို တွေရှိသဖြင့် မေးမြန်းရာ ၀န်ခံထွက်ဆိုသည်ကြောင့်၎င်းအား (ပ)၄၁၄/၂၀၁၂ ပြစ်မှုပုဒ်မ၃၇၉(နှိုက်)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


စွမ်းရဲထွဋ် (Popular Myanmar)

0 comments:

Post a Comment