Pages

Thursday, July 26, 2012

ကိုလိုနီဆန့်ကျင်ရေးကာလ မြန်မာ့မိတ်ဆွေ အိန္ဒိယစစ်သူရဲကောင်း ကွယ်လွန်


ဗိုလ်မှူးကြီး လက်က်ရှမီး ဆေဂါးလ် (ဓါတ်ပုံ -ဝီကီပီဒီယား)

တနင်္လာနေ့က အိန္ဒိယနိုင်ငံတွင် ကွယ်လွန်သွားခဲ့သော ဗိုလ်မှူးကြီး လက်က်ရှမီး ဆေဂါးလ် (ငယ်အမည်

 လက်က်ရှမီး ဆွာမိနသန်) အသက် ၉၇ နှစ်သည် ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်း မြန်မာ

 အပါအဝင် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ အကြား အဆက်အစပ်ရှိသူများထဲမှ နောက်ဆုံးတဦးပင်

 ဖြစ်သည်။


သူသည် ဆရာဝန်တဦး ဖြစ်လာခဲ့ပြီးမှ ၁၉၄၃ ခုနှစ်တွင် ဆူဗတ်စ်ချန် ဒရာဘို့စ် ၏ အိန္ဒိယ အမျိုးသား

 တပ်မတော် (INA) သို့ မလေးရှားနိုင်ငံတွင် ဝင်ရောက်ခဲ့သည်။ ဘို့စ်သည် အရှေ့တောင်အာရှသို့

 ရောက်ရှိအပြီး INA ကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံတွင်ရှိစဉ် မဟာမိတ်များကို တိုက်ခိုက်ခဲ့သည့် INA ၏ တိုက်ပွဲများအပေါ် အမှတ်တရ ရှိလှသည့်

 ဤ ကျက်သရေရှိ၊သြဇာရှိလှသည့် အမျိုးသမီးကြီးသည် မဇ္ဈိမ သတင်းဌာနနှင့် မြန်မာနိုင်ငံအတွက်

 မိတ်ဆွေကောင်းတဦး ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ အရေး တိုက်ပွဲဝင်သူများကိုလည်း အမြဲထောက်ခံ 

ကူညီခဲ့သူဖြစ်ပြီး မဇ္ဈိမကိုလည်း နည်းအမျိုးမျိုးဖြင့် ကူညီခဲ့သူဖြစ်သည်။



မဇ္ဈိမ အယ်ဒီတာချုပ်က ကွယ်လွန်သူ မိသားစုထံ ဝမ်းနည်းသဝဏ်နှင့် ပန်းခြင်း ပေးပို့ခဲ့သည်။



အိန္ဒိယနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုများက ငယ်ရွယ်နုပျိုသော လက်က်ရှမီးကို INA သို့ ဝင်ရောက်ရန် 

ဆွဲဆောင် ခဲ့သည်။ သူသည်ဗိုလ်ကြီးတဦးအဖြစ် အရှေ့တောင်အာရှရောက် အိန္ဒိယနိုင်ငံသူ အမျိုးသမီး

ငယ်များဖြင့် ဖွဲ့စည်းထား သည့် အမျိုးသမီးတပ်ဖွဲ့ကိုဦးဆောင်ခဲ့ပြီး သူတို့သည် ဆေးဘက်ဆိုင်ရာနှင့်

 အခြားထောက်ပို့ တာဝန်များ သာမက မဟာမိတ်တပ်များကို ကိုဟီးမား-အင်ဖားလ် စစ်မြေပြင်တွင်

 တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများ တွင်လည်း ကိုယ်တိုင် ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် အဆိုပါ 

တိုက်ပွဲများသည် ဂျပန်နှင့် INA တပ်များ အတွက် အထိနာခဲ့သော တိုက်ပွဲများ ဖြစ်ခဲ့သည်။



လက်က်ရှမီး ဆွာမိနသန် သည် နောင်တွင် ဒေလီမြို့၌ ရုံးတင် တရားစွဲဆိုခြင်းခံခဲ့ရသည့် INA တပ်မှူး 

သုံးဦးအနက် တဦးဖြစ်သော ဗိုလ်မှူးကြီး ပရမ်ဆေးဂါးလ် ကို လက်ထပ်ခဲ့သည်။ သူသည် အိန္ဒိယ

 နိုင်ငံရေးလောကတွင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းတို့၏ သမီးဖြစ်သော ဆူဟာဆီနီ သည် 

အိန္ဒိယ လွှတ်တော်တွင် ခဏတာ အမတ်တဦးဖြစ်ခဲ့သေးသည်။


လက်က်ရှမီး ဆေဂါးလ်သည် သူ့နောက်ပိုင်းနှစ်များတွင် မီးယပ်သားဖွား အထူးကု ဆရာဝန်တဦးအဖြစ်

 ကုသရေး တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ကလေးအများအပြား မွေးဖွားပေးခဲ့သည်။


ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment