Pages

Saturday, July 28, 2012

မီးရထားမှ ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိ အပါအ၀င် ၀န်ထမ်း( ၄၇ ) ရာထူးမှ ရပ်ဆိုင်းခံရ



မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအာမြန်မာ့မီးရထားပိုင် တရားမ၀င်စက်ဆီ

ရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။



မြန်မာ့မီးရထားတိုင်း အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက စက်ခေါင်းစက်ရုံမှအရာရှိ

လေးဦးအပါအ၀င်ရထားဝန်ထမ်း လေးဆယ့်ခုနှစ်ဦးကို အလုပ်မှဖြုတ်ပစ်လိုက်သည်ဟုစုံစမ်းသိရှိရသည်။



ထိုကဲ့သို့ အလုပ်တာဝန်များမှ ရပ်စဲခဲ့ရခြင်းမှာ မြန်မာ့မီးရထားပိုင်စက်သုံးဆီများအား တရားမ၀င် ထုတ်ယူ

ရောင်းချခဲ့ခြင်းကြောင့်ဖြစ်သည်ဟုမီးရထားဝန်ထမ်းအသိုင်းအ၀န်းမှ သိရသည်။



`` တစ်ချို့တွေဆို အိမ်တွေမြေတွေ ပေါင်ကြရောင်းကြပြီး ပြန်ဆပ်ရတာရှိတယ် ၊ငိုကျယိုကျဖြစ်ကြတာပေါ့

၊ အလုပ်ကလည်း အနားခံရတယ်ဆိုတော့ပိုဆိုးသွားတယ်´ ဟုစုံစမ်းမေးမြန်းမှုများအား မိုးညှင်းမြိုမှ 

အတွင်းသိမီးရထားဝန်ထမ်းတစ်ဦးက ပြန်လည်၍ အတည်ပြုဖြေကြားပေးခဲ့သည်။


ယခုလိုအရေးယူခြင်းသည် ဌာနတွင်းအရေးယူမှုဖြစ်ကြောင်းနှင့် စက်ခေါင်းဝန်ထမ်းများအနေဖြင့်

 နိုင်ငံတော်သမ္မတထံ တင်ပြ အသနားခံသွားကြမည်ဖြစ်ကြောင်းကိုလည်းစုံစမ်းသိရှိရသည်။


ယခုလို အစုလိုက်အပြုလိုက် အလုပ်တာဝန်များမှ ရပ်စဲခံလိုက်ရသောကြောင့်အခြားတိုင်းအမှတ်များရှိ 

မီးရထား ၀န်ထမ်းများအနေဖြင့်လည်းစိုးရိမ်ပူပန်မှုများရှိနေကြောင်း

 မြန်မာ့မီးရထားဝန်ထမ်းအသိုင်းအ၀န်းကစုံစမ်းသိရှိရသည်။



မြစ်မခမီဒီယာ

0 comments:

Post a Comment