Pages

Saturday, July 28, 2012

အစိုးရရုံးပိတ်ရက်များတွင် အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းမည်



အာဇာနည်ဗိမာန်နှင့်ဗိုလ်ချုပ်ပြတိုက်အားကမ္ဘာလှည့်ခရီးသည်များလေ့လာနိုင်ရန်အတွက် အခကြေးငွေကောက်ခံ၍ အစိုးရရုံးပိတ်ရက်များတွင် ဖွင့်လှစ်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ တောင်းဆိုသွားမည်ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်တွေလေ့လာနိုင်ဖို့အတွက် အာဇာနည်ဗိမာန်နဲ့ဗိုလ်ချုပ်ပြတိုက်ကို  ဖွင့်လှစ်ထားဖို့တင်ပြ   တောင်းဆိုသွားမယ်။ကမ္ဘာလှည့်ခရီးသည်တွေကိုတော့ဝင်ကြေးနဲ့ပေါ့။ မြန်မာပြည်သူတွေအနေနဲ့အားလပ် ရက်တွေမှာအခမဲ့ဝင်ရောက်လေ့လာနိုင်ဖို့တင်ပြသွားဖို့ရှိတယ်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ်၊ အာဇာနည်နေ့၌ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်များသို့ပြည်သူများလာရောက်ကြည့်ရှုမှုနည်းပါးပြီး ယခု ၂၀၁၂ခုနှစ် အာဇာနည်နေ့တွင်ကျဆုံးခဲ့သော အာဇာနည်ခေါင်း ဆောင်ကြီးများအားဂါရ၀ပြု၊ အလေးပြုရန်ပြည်သူများအနေ့ဖြင့် နံနက် (၈)၀န်းကျင်ကပင် စောင့်ဆိုင်းမှုများရှိ၍ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မနှစ်ကဆိုရင် တော်တော်လေးနည်းတယ်။ အခုနှစ်ကထူးခြားတာတွေအများကြီးတွေ့ရတယ်။ နှစ်တိုင်း ဂါရ၀ ပြုခွင့်မရတဲ့ သူတွေလဲဂါရ၀ပြုခွင့်ရလာတယ်။ မတက်ရောက်ဘူးတဲ့ သူတွေလည်း တက်ရောက်လာတာတွေ့ခဲ့ရတယ်ဟု ဗဟန်းမြို့နယ်ရှိ အာဇာနည်နေ့အခမ်းအနား တက်ရောက်ခဲ့သူ ကိုအေးငွေကပြောသည်။

ယခင်နှစ်က ဗိုလ်ချုပ်ပြတိုက် အများပြည်သူဝင်ရောက်ကြည့်ရှုသူဦးရေမှာ(၅၀၀၀)ကျော် သာရှိခဲ့ရာမှ ယခု ၂၀၁၂နှစ်တွင် အာဇာနည်ဗိမာန်သို့ (၂၇၀၀၀)ဦး၊ ဗိုလ်ချုပ်ပြတိုက်သို့ လူဦးရေ (၁၅၀၀၀)ကျော် ၀င်ရောက် လေ့လာခဲ့သည်။

ဒီနှစ်ဆိုရင် ဂါရ၀ပြု၊ အလေးပြုခွင့်ရတဲ့လူတွေတော်တော်များများပါဝင်လာကြတာတွေ့ရတယ်။အခုလို ပြည်သူတွေဝင်ထွက်  သွားလာခွင့်တွေရအောင်လုပ်ပေးမယ်ဆိုတော့ ပိုကောင်းတာပေါ့” လှည်းတန်းမြို့နယ်မှသတင်းစာရောင်းသူတစ်ဦးက ၄င်းအမြင်အား ပြောခဲ့သည်။

၂၀၁၂ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင်ကျရောက်ခဲ့သော (၆၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်၏ သမ္မတရုံးကိုယ်စားနိုင်ငံတော်ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ရန်ကုန်မြို့ရှိသံရုံး(၃၂)ရုံးမှ သံအမတ်ကြီးများနှင့် ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များ အနယ် နယ်အရပ်ရပ်မှပြည်သူများ
လာရောက်ဂါရ၀ပြုခဲ့ကြသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment