Pages

Saturday, June 16, 2012

MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ ဟိန္ဒူ နှင့်ရခိုင်ဗုဒ္ဓဘာသာဝင်များသာဖြစ်နေ


MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ ဟိန္ဒူ နှင့်ရခိုင်ဗုဒ္ဓဘာသာဝင်များသာဖြစ်နေ



MRTV ရုပ်သံလိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ ဦးမှာ သာမန်အရပ်သားများသာဖြစ်ကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူ မိသားစုများ၏ ပြောပြချက်အရ သိရှိရသည်။

“ညနေသတင်းကို ကြည့်လိုက်တော့ အကုန်လုံး ကိုယ်တွေနဲ့ နီးနီးကပ်ကပ်နေကြတဲ့ မာရမာ၊ ဟိန္ဒူတွေနဲ့ ရခိုင်တွေချည်း မြင်လိုက်ရတော့ တော်တော် အံသြသွားတယ်။ သူတွေအကုန်လုံးက ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ၊ အဲဒီထဲမှာ ဘင်္ဂလီမူဆ လင်ဆိုလို့ တယောက်မှ မပါဘူး။ ဒါဟာ အစိုးရအနေနဲ့ တမင်သက်သက် လုပ်ကြံတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်နေပါတယ်” ဟု စစ်တွေဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောပြသည်။


ဇွန်လ ၁၃ ရက်နေ့က အကြမ်းဖက်သမားများဟု စွပ်စွဲကာ ဖမ်းဆီးခြင်းခံထားရသူ ၂၉ ဦးတို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့်ကြောင့် ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း သိရှိရသည်။

၎င်းအထဲမှ ကိုဇော်မျိုးထွန်းမှာ ရခိုင်တစ်ဦးဖြစ်ပြီး အလုပ်မှ ပြန်လာပြီး အိမ်ရှေ့တွင် ထွက်ရပ်နေချိန် စစ်တပ်ကားဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ ကျန်လူများမှာလည်း ကိုဇော်မျိုးထွန်းကဲ့သို့ပင် အိမ်ရှေ့တွင် ည ၆ နာရီနောက်ပိုင်း ထွက်နေကြသော သူများသာဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

“အစိုးရက ဘယ်လိုဖြစ်ပြီး ဒီညမထွက်ရ အမိန့်နဲ့ ဖမ်းဆီးခြင်းခံထားရတဲ့သူတွေကို ဖမ်းဆီးပြီး ဒီလိုမျိုး အကြမ်းဖက်သမား တွေလို့ စွပ်စွဲ လုပ်ကြံလုပ်တာလည်း မသိဘူး၊ သူတို့ တကယ်ထုတ်ပြန်မယ်ဆိုရင် သူတို့အခုဖမ်းထားတဲ့ AZ က ဦးကျော် လှ တို့ရှိတယ်၊ နောက်ပြီး အယ်ကိုင်ဒါးနဲ့ ချိတ်ဆက်နေတဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြပါလား၊ နိုင်ငံတကာနဲ့ ပြည်သူလူ ထု ရှေ့ကို ချပြသင့်တယ်” ဟု ကိုဇော်မျိုးထွန်းရဲ့ သူငယ်ချင်းတစ်ဦးမှ ပြောပြသည်။

အရေးအခင်းအတွင်း ဖမ်းဆီးခဲ့သော ဒေါက်တာထွန်းအောင်နှင့် AZ မှ ဦးကျော်လှတို့နှင့် ပတ်သက်သော အမှုကိစ္စ၊ အယ်ကိုင်ဒါးနဲ့ ချိတ်ဆက်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်၍ အစိုးရဘက်မှ ယခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဟုလည်း သိရှိရသည်။


0 comments:

Post a Comment