Pages

Friday, June 15, 2012

စစ်တွေတွင် နာရေးကိစ္စဆောင်ရွက်ရန် အခက်အခဲဖြစ်နေ


စစ်တွေမြို့တွင်း ရပ်ကွက်တစ်ခု မီးရှို့ခံရမှုကို လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
စစ်တွေ ၊ဇွန် ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများ၏ နာရေးကိစ္စများဆောင်ရွက်ရာတွင် သုသာန်သို့သွားရောက်ရန်အခက်အခဲဖြစ်နေ
ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့်သေဆုံးခဲ့သူအချို့ကိုမြေချရန် စစ်တွေ မြို့နှင့် ၆မိုင်ကွာဝေးသော မှန်စီ သချိုင်းသို့သွားရပြီးအဆိုပါနေရာသို့သွားရန်ဘင်္ဂါလီလူမျိုးများအများဆုံးနေထိုင်သောဘုမေ၊သဲချောင်းရွာများကိုဖြတ်သန်းသွားရပြီးအသုဘချရန်သွားစဉ် စောင့်ဆိုင်းရန်ရှာမှု့များရှိသဖြင့် နာရေးကိစ္စဆောင်ရွက်ရန်ခက် ခဲနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က စစ်တွေမြို့မှ နာရေးတစ်ခုကို ပို့ဆောင်ရာ ဘင်္ဂါလီလူမျိုးများနေထိုင်သည့်ရွာများ
ကိုဖြတ်သန်းစဉ်အုပ်စုဖွဲ့စောင့်ဆိုင်းကာ ခဲများဖြင့်ပစ်ပေါက်ခြင်းများရှိခဲ့သဖြင့်စစ်တွေမြို့ခံများကနာရေးပို့ဆောင်ရန် စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်ကြောင်းဒေသခံများကပြောကြားသည်။

ဇွန်လ ၁၃ရက်နေ့တွင် စစ်တွေမြို့မှ နာရေးတစ်ခုပို့ဆောင်ရာတွင် လုံခြုံရေး အစောင့်အကြပ်များနှင့်ပြီးဆုံးအောင်ဆောင်
ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

7Day News Journal

0 comments:

Post a Comment