Pages

Friday, June 15, 2012

ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ


ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျံမှု ဖြစ်ပွားနေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ဥရုချောင်းရေလျံမှုကြောင့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ရေကြီးရေလျံမှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ပုံမှန်မိုးရွာသွန်းမှုဖြစ်စဉ်သာ ဖြစ်သော်လည်း ဥရုချောင်းတွင်း ချောင်းကြမ်းပြင် မြင့်တက်နေခြင်းကြောင့် ချောင်းကမ်းတစ်လျောက်ရှိ ကျေးရွာများနှင့် မြေနိမ့်ရာ မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျံမှု ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။



 “အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။

ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။

“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက  ပြောသည်။

လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။   ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။

Yangon Press International:

0 comments:

Post a Comment