Pages

Saturday, June 23, 2012

စစ်တွေမှာ သန်းခေါင်စာရင်း စစ်။သန်းကောင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေပြောင်း

စစ်တွေမှာ သန်းခေါင်စာရင်း စစ်။သန်းကောင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေပြောင်း




ရခိုင်ပြည်နယ်စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ဘင်္ဂါလီ မိသားစုတချို့နဲ့ သန်းကောင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေပြောင်းလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လုံခြုံရေးအရ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်တို့ကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အောင်မင်္ဂလာရပ်ကွက်က လူတွေကို ရွှေ့ပြောင်းလိုက်တာ လို့ ဒေသခံတဦးက ပြောပါတယ်။


ရပ်ကွက် သန်းခေါင်စာရင်းထဲမပါတဲ့ လူ ၂၀၀၀ လောက်ကို ကား ၁၁ စီးနဲ့ ရွှေ့ပေးတယ်လို့ဆိုပါတယ်။ ဒါဟာ နေရာသီးခြားချထားပေးတဲ့ သဘောမျိုးနဲ့ ရွှေ့ပြောင်းပေးတယ်လို့ နောက် ဒေသခံတဦးက ယူဆပါတယ်။

အင်ပါလာရပ်ကွက်က လူတွေကို ဒီနေ့ရွေှ့ပြောင်းတာသိရတဲ့အကြောင်းနဲ့ ဒီလူတွေနေထိုင်ဖို့ တန်းလျားတွေ အသင့်ဆောက်ထားတယ်လို့ သိရတဲ့အကြောင်းလည်း သူကပြောပါတယ်။ အင်ပါလာနဲ့ ကုန်တန်းရပ်ကွက်မှာ ရခိုင်အိမ်တရာလောက်မီးရှို့ခံရတဲ့ ပါသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ထုတ်အစိုးရ သတင်းစာတွေမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နဲ့ အဖွဲ့ဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ရှင်းလင်းနေတာ လာရောက်ကြည့်ရှုတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် မင်းဂံရပ်ကွက်ဓမ္မာရုံမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းကိုလည်း သွားရောက်ပြီး မိသားစုဝင်တွေကို အားပေးစကားပြောတယ်လို့ ဖော်ပြထားပါတယ်။


RFA (Burmese)

0 comments:

Post a Comment