Pages

Thursday, January 19, 2017

ရဲမေ အယောင်ဆောင်၍ ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်များလုပ်ဆောင်နေသူ ရဲအယောင်ဆောင်သူ တစ်ဦးအား မုံရွာနယ်မြေ ရဲစခန်းမှ ဖမ်းစီးအရေးယူ


RangonNewsDaily::Thursday. January 19. 2017
==============================================
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြဝတီရပ်ကွက် တွင်နေထိုင်သူ မဇင်မာသင်း (27)နှစ် သည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရဲယူနီဖေါင်းဝတ်ဆင်၍ သူ့ကိုယ်သူ ရဲမေဟု ပြောဆို၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖွယ်ရာ လုပ်ရပ်များ လုပ်ဆောင်နေကြောင်း အမာခံသတင်းပေးများ၏ သတင်းပေးတိုင်ကြားချက်အရ 


မုံရွာနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကိုကိုအောင်၊ဒုရဲအုပ်နေလင်းထွန်း ဒုရဲအုပ် မိုးသဲဝမ်းမြင့်တို့ ရဲတပ်ဖွဲ့ဝင်များသည်
သက်သေ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးရဲဝင်း ဦးအောင်မျိုးမြင့် ဦးဇော်မျိုးအောင်တို့နှင့်အတူ ရွှေတောင်ကြားလမ်း မြဝတီရပ်ကွက်ရှိ
မဇင်မာသင်း၏ နေအိမ်အပေါ်ထပ်အား ဝင်ရောက်ရှာဖွေရာ ရဲယူနီဖေါင်းဝတ်စုံများနှင့်အတူ ငှင်းတရားခံအား
တွေ့ရှိရာ ဒုရဲအုပ်ကိုကိုအောင်မှ (ပ)၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်၁၇၁ အရ အမှုဖွင့်အရးယူဆောင်ရွက်လျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။
#သတင်း ဓါတ်ပုံ Mglay Mglayngenge Ngenge
#သိမ်းထူး စံ

KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment