Pages

Thursday, October 20, 2016

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး သွားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်


RangonNewsDaily::Thursday. October 20. 2016
၂၀၁၆ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့ နံနက် (၀၉း၀၀) အချိန် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး သွားလမ်း၊ မိုင်တိုင်အမှတ် ၁၆/၇နှင့် ၁၇မိုင်ကြား ခန့်မှန်း မပည(LB253474) အရောက်တွင် ယာဉ်မောင်း ကျော်စွာဦး ၊(သ)၃၅နှစ်၊ (ဘ) ဦးအေးဆောင် မောင်းနှင် လာသည့် 2H∕3492 ဒန်ဘာ၊ လိမ္မော်ရောင်ယာဉ်သည် ဆည်မြောင်းရပ်ကွက်၊ ငွေတောင်ကျေးရွာ နေသူများနှင့် ဆည်မြောင်းဝန်ထမ်းများ လိုက်ပါလျှက် ဒေါတမကြီး အုပ်စု ၊ ဒေါညေးခူဘုန်းကြီးကျောင်း ကထိန်သို့ သွားရောက်စဉ် ကားဘရိတ်ပေါက်ပြီး ကားပက်လက်လှန် တိမ်းမှောက်သွားကြောင်း ဒီးမောဆိုး မြို့မ ရဲစခန်းမှူးနှင့် အဖွဲ့များမှ စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။





ယာဉ်တိမ်းမှောက်မှုတွင် လိုက်ပါလာသူများ ၅ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ဦးခန့် ရှိကြောင်း စုံစမ်း သိရှိရပြီး ယာဉ်မောင်းအား အမှုဖွင့်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှ သတင်းရရှိသည်။
သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ဓာတ်ပုံ...ဒီးမော့ဆိုမြို့မ ရဲစခန်း
Credit:: - Kantarawaddy Time



0 comments:

Post a Comment