Pages

Wednesday, July 20, 2016

အင်းတကော်အပိုင်က နှစ်လောင်းပြိုင်လူသတ်မှ အဓိကတရားခံပြေးအား ပဲခူးတိုင်းရဲတပ်ဖွဲ့က ပစ္စတို တစ်လက်နှင့်အတူ ဖမ်းလိုက်ပြီ


RangonNewsDaily::Wednesday. July 20. 2016 
(၅.၅.၂၀၁၅)နေ့က ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေရဲစခန်းအပိုင်ရွှေပြည်(၃)ဆည်သွားရာ မြေနီလမ်းဘေးတွင် အမျိုးသား(၂)ဦးအားသတ်ပြီး အလောင်းအား လာရောက်ပစ်သွားသည်ကို မှတ်မိကြမှာပါ ။



ထိုအမှုမှအဓိက တရားခံပြေး ဖြစ်သော စောကျော်စွာ(ခ)စောအောင်ကျော်စွာ(ခ)ကျော်စွာ (ခ)စောအယ်ကော်ထူး၊ (၄၉)နှစ်၊ (ဘ)ဦးစံမြင့်၊ကရင်/ခရစ်ယာန် သည် (၁၉.၇.၂၀၁၆)နေ့က ဘုရားကြီးမြို့၊ ၀င်္ဂဘော်ကျေးရွာသို့ရောက်
ရှိနေကြောင်း သတင်းအရ ပဲခူးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူမှ ရဲအုပ်လှထွန်း နှင့်အဖွဲ့၊ ပဲခူးခရိုင် မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်ယဉ်မင်းသိုက်နှင့်အဖွဲ့၊ဘုရားကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကြည်နှင့်အဖွဲ့၊ အမှတ်(၃)စစ်ဖက်ဆိုင်ရာ
လုံခြုံရေးသတင်းတပ်ဖွဲ့စုမှ ဗိုလ်ကြီးဝေဖြိုးကျော်နှင့် ၀င်္ဂဘော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်နေထွန်းတို့သွားရောက်ဖမ်းဆီးခဲ့ရာ ၄င်းအားဖမ်းဆီးရမိခဲ့ပြီး စောကျော်စွာနှင့် အတူ အနက်ရောင်ကျောပိုးအိတ် အတွင်းမှ COLD 45ပစ္စတို(နီကယ်ရောင်)တစ်လတ်၊ ကျဉ်ကဒ်(၁)ခုနှင့် ၄င်းကျဉ်(၄)တောင့်တို့အား ဖမ်းဆီး ရမိခဲ့ကြောင်းသိရှိရသည်။
Thant Zin 

KOLATT(PBDN)

RangonNewsDaily



0 comments:

Post a Comment