မြစ်ကြီးနားမြို့တွင် နာရီပိုင်းအတွင်း ဧရာဝတီမြစ်ရေ ငါးပေကျော် မြင့်တက်လာပြီး မြစ်အတွင်း သောင်ပြင်များတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီ မြစ်ရေသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီ ၀န်းကျင်မှ စတင်ကာ တက်ရိပ်ပြလာပြီး မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
.
မနောကွင်း အနီးရှိ ကချင်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်မှူး ဦးတင်ထိုက်က “ဒီရာသီက နှစ်တိုင်း အပူချိန် ပြောင်းလဲမှုကြောင့် မြစ်ရေတက်ပါတယ်။ အပူချိန် ပြောင်းလဲတာကြောင့် ရေခဲတောင် အရည်ပျော်တာ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မိုးရွာတာတွေကြောင့် ဖြစ်တာပါ။ ဘယ်ဆည်မှ ဖောက်ချတာတို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ ဒီနေ့ကတော့ ငါးပေလောက် တက်လာတာပါ။ ခဏနေ ပြန်ကျမှာပါ။ ဖေဖော်ဝါရီ နောက်ဆုံးပတ်ထဲမှာ အဖြစ်များပါတယ်။ နောက်တစ်ရက် နှစ်ရက် အတွင်းကတော့ ကချင်ပြည်နယ်မှာ မိုးတစ်ပေါက် နှစ်ပေါက် ရွာနိုင်ပါတယ်” ဟု ပြောကြားသည်။
.
ရုတ်တရက် ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်းရှိ မြစ်ကမ်း အနီးတွင် ပွင့်လင်းရာသီအတွင်း နေထိုင်စားသောက်သူများ၊ ၀မ်းစာ ရှာဖွေနေသူများလည်း အခက်အခဲ တွေ့နိုင်ကြောင်း သိရသည်။
EMG ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment