Pages

Wednesday, October 7, 2015

ဝိဇ္ဇာပညာ အရ ဈေးခေါင်မိုးတွင် ကျောက်ဖရုံ သီးတင်ထားခြင်းဟု စည်ပင်ဆို


RangonNewsDaily:: October . 7 .2015
ရန်ကုန်ဈေး အချို့ ၏ ခေါင်မိုးတွင် ကျောက်ဖရုံသီး တင်ထား ခြင်းမှာ မိုးကြိုး အန္တရာယ် မှကင်းဝေး စေရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး မည် သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာ ရေး ကော်မတီဈေးများ ဌာနမှ ဌာန မှူး ဦးစံရွှေထွန်း က ပြောသည်။

အင်းစိန်ဈေး၊ အုတ်ကျင်း ဈေးများ၏ ခေါင်မိုးများတွင် ကျောက်ဖရုံသီးများ တင်ထားမှု နှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ် က မေးမြန်းခဲ့ရာ ၄င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

”ကျောက်ဖရုံသီး တင်ထားရင် မိုးကြိုးလွှဲတယ်လို့ သိရလို့ ဈေးတွေ မိုးကြိုး အန္တရာယ် ကင်းစေဖို့ဆောင် ရွက်တာပါ။ ဝိဇ္ဇာပညာ အရ သိရ လို့ လုပ်တာပါ ။ တခြား ဘာရည်ရွယ် ချက်မှမရှိပါဘူး” ဟု ၄င်းက ပြော သည်။

ထိုကဲ့သို့လုပ်ဆောင်မှုကို ဈေး များတွင်သာ လုပ်ဆောင် သွားမည် ဖြစ်ပြီး အခြားနေရာ များတွင်ထား ရန် အစီအစဉ် မရှိကြောင်း ၄င်း ကပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ တွင် အရှေ့ပိုင်း ခရိုင် စည်ပင်သာယာ ဈေးများ ဌာန လက်အောက်ရှိ တောင်ဥက္ကလာပ မြို့နယ် ပဒေ သာ ဈေးဘေးတွင် မိုးကြိုးတစ်ကြိမ် ပစ်ခဲ့ပြီး ဈေးရှေ့ကုက္ကိုပင်မှာ နှစ်ခြမ်း ကွဲအက် သွားကာ ဈေးအ တွင်းရှိ လျှပ်စစ်မီတာပုံး များ ထိမှန် သဖြင့် လျှပ်တစ်ပြက် မီးလောင် ကျွမ်းခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည် ဟုသိရသည်။
Popular News , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment