Pages

Saturday, October 10, 2015

မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေသော လူငယ်သုံးဦး အလောင်းတွေ့ရှိ


RangonNewsDaily:: October . 10 .2015
မြစ်ကြီးနားမြို့ မန် ခရိန်ရပ်ကွက်နှင့် စီတာပူရပ်ကွက်ကြား (စက်မှုဇုန်)ရှိ တံတားအောက်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး သေ ဆုံးနေသည့် လူငယ်အလောင်း သုံးလောင်းကို အောက်တိုဘာ ၉ ရက် ညနေတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသေဆုံးနေသည့် လူ ငယ်သုံးဦးသည် အသက် (၂၀) ခန့် အရွယ်ဖြစ်ပြီး မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိသေးကြောင်း နှင့် သေဆုံးသူ သုံးဦး၏ ဘေးတွင် မူးယစ်ဆေးဝါး (ဘိန်းဖြူ) ပါရှိ သည့် (တစ်လက်မအရွယ်)ဘူး ငယ်တစ်ဘူးကိုလည်း တွေ့ရှိ ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ် ဖွဲ့မှူးရဲမှူးမြင့်သိန်းက ဆိုသည်။ အဆိုပါ သေဆုံးသွားသူသုံးဦး သည် တရုတ်ဆိုင်ကယ် အစိမ်းရောင် တစ်စီးလည်းပါရှိကြောင်းနှင့် ဆေးထိုးအပ်များကိုမူ မတွေ့ရှိကြောင်း ၎င်းက ပြောသည်။



‘‘အရက်သောက်လာပြီး တော့ မူးယစ်ဆေးဆက်သုံးစွဲတဲ့အခါ ရှော့ခ်ဖြစ်ပြီး သေသွားတဲ့အနေအထားမျိုးဖြစ်တာပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘယ်သူတွေဖြစ်တာ ဆိုတာသိဖို့ ရင်ခွဲရုံပို့ပြီး ထပ်မံစုံ စမ်းဆဲပါ’’ဟု ရဲမှူးမြင့်သိန်းက ပြောသည်။
အဆိုပါ တံတားအောက် တွင် မူးယစ်ဆေးဝါးသုံးစွဲသူ များ ပြားလာသည်ဆိုသည့် သတင်းကြား ရသည့်အတွက် ရဲတပ်ဖွဲ့များမှ ယင်းနေ့ နေ့လယ်ပိုင်းတွင် သွား ရောက်စစ်ဆေးမှုများရှိခဲ့သော် လည်း ထိုအချိန်က ထူးခြားခြင်းမရှိကြောင်း ရဲမှူးမြင့်သိန်းက ပြော သည်။

‘‘သုံးယောက်ဆိုတော့ ထူး တော့ထူးဆန်းတာပေါ့။ သုံးယောက်ထဲက နှစ်ယောက်က မှောက်နေ တာ။ တစ်ယောက်က ပက်လက် လန်ပြီး သေနေတာ။ ပက်လက် လန်ပြီး သေနေတဲ့ တစ်ယောက် က ပါးစပ်မှာ အမြှုပ်တွေထွက်နေ တယ်’’ဟု သေဆုံးနေသည့် အ လောင်းများကို တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်တွင် ယခင် က မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးသူရှိခဲ့သော်လည်း ယခုကဲ့သို့ သုံး ဦးစလုံးတစ်ခါတည်း သေဆုံးခြင်း မျိုးမှာ မရှိဖူးကြောင်း ရဲမှူးမြင့် သိန်းက ပြောသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment