Pages

Tuesday, August 4, 2015

မိုးအဆက်မပြတ်ရွာသွန်း၍ တာချီလိတ် - တာလေ သွားလမ်း ဧဒင်ကျေးရွာအနီး၌ ပျက်စီးမှုဖြစ်ပွား


RangonNewsDaily:: August . 4 .2015
တာချီလိတ်မြို့တွင် သြဂုတ် ၃ ရက်နေ့ည နှင့် သြဂုတ် ၄ ရက်၊ နံနက်ပိုင်းက မိုးအဆက် မပြတ် ရွာသွန်း သဖြင့် တောင်ကျရေများပြားမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှုမှတဆင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း ရပ်ကွက်များနှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်များတွင် ချောင်းရေ၀င်ရောက်ခဲ့ပြီး၊ ညနေ ၃ နာရီ ၀န်းကျင်တွင် ရေပြန်ကျသွားသည်။

တာချီလိတ်မြို့နယ်ရှိ တာချီလိတ်-ကျိုင်းတုံသွားလမ်း၊ တာချီလိတ်- တာလေ လမ်းအပိုင်းရှိ ကီလို တိုင် (၁၃၉) နှင့် (၁၄၀) ကြားမှ အေဒင်ရွာအနီး၌ လမ်းမကြီးအောက် ရေတိုက်စားမှုမှတဆင့် လမ်းပျက်စီး ခဲ့သည်။

လမ်းမကြီး ပျက်စီးသွားသည့်အတွက် မော်တော်ယာဉ်များသည် ပတ်လမ်းဖြစ်သည့် စက်မှုဇုံလမ်း၊ ဦးထွန်းအောင် တံတားဘက်မှတဆင့် သွားလာလျက်ရှိပြီး၊ လမ်းမကြီးပြန်လည်သွား လာနိုင်ရေး အတွက်ပြုပြင်ဆောင်ရွက်နေသည်ဟု သိရသည်။
မဇ္ဈိမ, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment