Pages

Thursday, July 2, 2015

ဆော်ဒီမင်းသား က ၎င်း၏ပိုင်ဆိုင်မှု ၃၂ ဘီလီယံဒေါ်လာ အကုန်အစင်ကို လှူဒါန်းမည်ဟု ကြေငြာ

Photo :: -မင်းသား အာလ်ဝါလိဒ်
RangonNewsDaily:: July . 2 .2015
ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းဝင်(နံပါတ် ၂၀) ဆော်ဒီမင်းသား အာလ်ဝါလိဒ်ဘင်တာလာ က ၎င်း၏ပိုင်ဆိုင်မှု ၃၂ ဘီလီယံဒေါ်လာ အကုန်အစင်ကို ပရဟိတ လုပ်ငန်းများ အတွက် လှူဒါန်းမည်ဟု ဇူလိုင် ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။
ဆော်ဒီအာရေးဘီယားနိုင်ငံမြိ့တော် ရီယာ့ဒ်တွင် သတင်းထောက်များကကို ပြောကြားရာတွင် မင်းသားအာလ်ဝါလိဒ်က ဘီလ်ဂိတ်၏ Bill and Melinda ဖောင်ဒေးရှင်းပုံစံကိုနာမူနာယူ၍ တည်ထောင်မည်ဖြစ်သော အာလ်ဝါလိဒ်အကျိုးပြုလုပ်ငန်းများဖောင်ဒေးရှင်းမှတဆင့် ၎င်း၏ကြွယ်ဝမှုများကို ကျန်းမာရေးမြှင့်တင်ရေး၊ ရောဂါဘယတိုက်ဖျက်ရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး၊ မိဘမဲ့ဂေဟာများဆောက်လုပ်ရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် အမျိုးသမီးအခွင့်အလမ်း ပိုမိုရရှိရေးတို့အတွက် အသုံးပြုသွားမည်ဟု ပြောသည်။
::
“ဒီအကျိုးပြုလုပ်ငန်းတွေကနေပြီးတော့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့၊ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွင်း ပိုမိုနေရာရလာဖို့၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာစေဖို့၊ အရမ်းအရေးကြီးတဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေ ထောက်ပံ့ပေးနိုင်ဖို့၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေအကြား တဦးနဲ့တဦး ပိုမိုနားလည်လာပြီး လက်ခံပေးနိုင်ဖို့ဆိုတာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။”ဟု ၎င်းက ပြောသည်။
မင်းသား အာလ်ဝါလိဒ်သည် ၎င်း၏ စီးပွားရေးလုပ်ငန်းများနှင့် ပွင့်လင်းစွာ ပြောဆိုတတ်မှုများကြောင့် နိုင်ငံတကာတွင် လူသိများသူဖြစ်သည်။ Twitter နှင့် Apple စသော နည်းပညာကုမ္ဗဏီများတွင်လည်း ရင်းနှီးမြှပ်နှံထားသူ ဖြစ်သည်။
 Photo :: -မင်းသား အာလ်ဒါလိဒ်ပိုင် ဘိုးရင် ၇၄၇ လေယာဉ်
 Photo :: The Alwaleed Bin Talal Foundation မှ Jeddah, Saudi Arabia အစိုးရထံ
လှုဒါးခဲ့တဲ့ကားများ 

 Photo :: -မင်းသား အာလ်ဒါလိဒ်ပိုင် ဘိုးရင် ၇၄၇ လေယာဉ်ပေါ်မှ ရွှေပလ္လင်

Photo :: -မင်းသား အာလ်ဝါလိဒ်
“လူမှုအကျိုးပြုလုပ်ငန်းကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်ကတည်းက လုပ်ခဲ့တာပါ။ ကျနော့် ဘာသာယုံကြည်မှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး ပုဂ္ဂလိကတာဝန်လို့လည်း ခံယူထားပါတယ်။ ကျနော့် တဘ၀တာလုံးပေးဆပ်ခဲ့တဲ့ ပိုမို ငြိမ်းချမ်းသော၊ ပိုမို သာတူညီမျှမှုရှိသော၊ နောင်လာမယ့် မျိုးဆက်ပေါင်းများစွာအတွက် ရေရှည်တည်တံ့နိုင်သော လူ့ဘောင်လောကဖြစ်ထွန်းရေးစတဲ့ အရေးအကြီးဆုံးကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။”ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
::
မင်းသား အာလ်ဝါလိဒ်သည် ၁၉၈၀ က တည်ထောင်ခဲ့သော Kingdom Holding ကုမ္ဗဏီ၏ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး လှူဒါန်းမှုအတွက် ရက် အတိအကျ မသတ်မှတ်ထားကြောင်းကို အလေးထား ပြောကြားခဲ့သည်။

The Alwaleed Bin Talal Foundation, chaired by Prince Alwaleed bin Talal, has donated 1,000 Kia cars to flood victims in Jeddah, Saudi Arabia.


Ref; The Independent ,News Watch(စောင့်ကြည့်သတင်းဂျာနယ်) ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment