Pages

Wednesday, June 3, 2015

ချန်ပီယံလိဂ်ဖလားကို ဘယ်အသင်းကိုင်မြှောက်အောင်ပွဲခံမလဲ


RangonNewsDaily:: June . 3 .2015
ဒီနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဇွန် ၆ ရက် ညပိုင်းမှာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ချန်ပီ ယံလိဂ်မှာ မှတ်တမ်းကောင်းတွေ ရေးထိုးထားနိုင်တဲ့ အသင်းတွေဖြစ် ပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ် ဖလားကို လေးကြိမ်ဆွတ်ခူးထားပြီး ဂျူဗင်တပ်က နှစ်ကြိမ်ရယူထားနိုင်ခဲ့ ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ အားပြိုင်မှုက ကမ္ဘာတစ်ဝန်းကပရိသတ် တွေကို ဖမ်းစားဦးမှာဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်း တို့ရဲ့ အားပြိုင်မှုကိုကြည့်ရင်တော့ ဂျူဗင်တပ်တို့က ခြေစွမ်းပိုင်းအားနည်း မှုရှိပေမယ့် နောက်ဆုံးတွေ့ဆုံမှု ငါး ကြိမ်မှာ ဘာစီလိုနာတို့က တစ်ပွဲနိုင် ပြီး ဂျူဗင်တပ်တို့က နှစ်ပွဲနိုင်ကာ သရေနှစ်ပွဲဖြစ်ထားတာမို့ ဂျူဗင်တပ် ကို လျှော့တွက်ရင် ဘာစီလိုနာတို့ရဲ့ ဖလားသုံးလုံး အိပ်မက်ပျက်ပြယ် သွားနိုင်ပါတယ်။

ထူးခြားတာက ဒီနှစ်ဘောလုံးရာသီ မှာ နှစ်သင်းစလုံး ဖလားသုံးလုံးရရှိ ရေး ရည်မှန်းချက်တွေရှိနေပြီး ဘာစီ လိုနာတို့က လက်ရှိမှာ လာလီဂါဖလား နဲ့ စပိန်ဘုရင့်ဖလားတွေရယူထားနိုင် ပြီးဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ကတော့ ဒီနှစ်မှာ အကောင်းဆုံးခြေစွမ်းရရှိ နေပြီး ဖလားသိမ်းပိုက်ရေးအတွက် ကစားသမားတွေလည်း ဒဏ်ရာ ပြဿနာ ကြီးကြီးမားမားမရှိတာမို့ ဘာစီလိုနာကို တန်ပြန်တိုက်စစ်တွေ မှတစ်ဆင့် ဂိုးရအောင်စွမ်းဆောင် နိုင်ရေး ကြိုးစားရပါလိမ့်မယ်။

ဘာစီလိုနာအသင်းအတွက် ချန်ပီ ယံလိဂ်မှာ ဂိုးအများဆုံး သွင်းထား တာကတော့ မက်ဆီဖြစ်ပြီး စုစုပေါင်း ၁ဝ ဂိုးသွင်းယူထားပါတယ်။ ဂျူဗင် တပ်မှာတော့ တီဗက်ဇ်က ခုနစ်ဂိုး သွင်းယူထားပြီး တိုက်စစ်မှာ ပေါ့ဘာ ကလည်း အခွင့်အရေးရရင် ဂိုးသွင်း နိုင်သူဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ တော့ မက်ဆီ၊ နေမာတို့ရဲ့ စွမ်းဆောင် မှုက ပိုကောင်းပြီး ဘာစီလိုနာရဲ့ရလဒ် ကောင်းဖို့ကို ပုံဖော်နိုင်မှုက တီဗက်ဇ်နဲ့ ပေါ့ဘာတို့ရဲ့ ဂျူဗင်တပ်တိုက်စစ်ထက် ပိုပြီး အားကောင်းတာ အမှန်ပါပဲ။
ဘာစီလိုနာတို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီ အသင်းကို နှစ်ကျော့ပေါင်း ငါးဂိုး- တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့ပြီး အကြိုဗိုလ်လုပွဲ မှာ နာမည်ကြီးဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ငါးဂိုး-သုံးဂိုးနဲ့ ဖြတ် ကျော်ကာ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်လာဖြစ်ပါတယ်။ ချန်ပီ ယံလိဂ် အုပ်စုပွဲစဉ်တွေကနေပြီး နောက်ဆုံးဗိုလ်လုပွဲအထိ ဘာစီလိုနာ တို့ စုစုပေါင်း ၂၈ ဂိုး သွင်းယူခဲ့သလို ပေးဂိုး ၁ဝ ဂိုးရှိခဲ့ပါတယ်။

ဂျူဗင်တပ်တို့ကတော့ ကွာတား ဖိုင်နယ်မှာ မိုနာကိုအသင်းကို နှစ် ကျော့ပေါင်း တစ်ဂိုး-ဂိုးမရှိနဲ့နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲမှာတော့ နာမည်ကြီး ရီးရဲမက်ဒရစ်ကို နှစ်ကျော့ပေါင်း သုံး ဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူကာ အခုလို နောက်ဆုံးဗိုလ်လုပွဲတက်ရောက်လာ နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ ဟာ ၁ဝ နှစ်တာကာလအတွင်း ချန်ပီ ယံလိဂ်မှာ ဒုတိယအကြိမ် ဗိုလ်လုပွဲ တက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်တို့ဟာ ဒီနှစ်ချန်ပီယံလိဂ် မှာ ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိ ကစား ထားနိုင်တဲ့ ခြေစွမ်းပိုင်ဆိုင်ထားပါ တယ်။ ဂျူဗင်တပ်တို့ဟာ ချန်ပီယံ လိဂ်အုပ်စုပွဲစဉ်ကနေပြီး နောက်ဆုံး ဗိုလ်လုပွဲအထိ စုစုပေါင်း ၁၆ ဂိုးသွင်း ယူခဲ့သလို ပေးဂိုး ခုနစ်ဂိုးရှိခဲ့ပါတယ်။

ဒီနှစ်သင်းမှာ ဂျူဗင်တပ်တို့က ခံစစ်လုံအောင်ကစားပြီး တန်ပြန် တိုက်စစ်နဲ့ ပုံဖော်မှာဖြစ်သလို ဘာစီ လိုနာတို့ကတော့ တိုက်စစ်ဖွင့်ကစား ကာ အနိုင်ရရှိရေးအတွက် ဖိအား ပေးကစားပါလိမ့်မယ်။ ဘာစီလိုနာ တို့က ဒီနှစ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရင်တော့ ဖလားသုံးလုံး အိပ်မက်ကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှာဖြစ်တာမို့ ခြေကုန် ထုတ်ပြီး အောင်ပွဲခံနိုင်မို့ ကြိုးစားပါ လိမ့်မယ်။

ဘာစီလိုနာအသင်းဟာ အီတလီ ကလပ်တွေနဲ့ ဆုံတွေ့မှုမှတ်တမ်းကို ကြည့်ရင် စုစုပေါင်း ၃၃ ပွဲကစားခဲ့တဲ့ ရလဒ်မှာ ၁၆ ပွဲနိုင်၊ ၁၁ ပွဲသရေနဲ့ ခြောက်ပွဲရှုံးထားပါတယ်။ ဒါကြောင့် ဂျူဗင်တပ်ကို ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရဖို့ဆိုတာ ဘာစီလိုနာအတွက် ခက်ခဲနိုင်ပေမယ့် အနိုင်ရလိုစိတ်ပြင်း ပြင်းနဲ့ ကစားမှာမို့ အဆုံးသတ်မှာ ဘာစီလိုနာတို့ အောင်ပွဲခံဖို့များနေ တာတော့ အမှန်ပါပဲ။

ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ရေး ပြင် ဆင်ထားတဲ့ ဂျူဗင်တပ်တို့ကလည်း မထင်မှတ်တဲ့ရလဒ်တွေ ဖော်ဆောင် ပြီး ဖလားကိုင်မြှောက် အောင်ပွဲခံ သွားနိုင်မလားဆိုတာ ရင်ခုန်စွာ စောင့်ကြည်ရမှာဖြစ်ပါတယ်။ ။
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment