Pages

Friday, May 29, 2015

အမြန်လမ်းတွင် ဟိုင်းလတ်ဆာ့ဖ်ယာဉ် တိမ်းမှောက်မှုကြောင့် လူတစ်ဦးသေဆုံး၊ သီရိလင်္ကာနိုင်ငံသားတစ်ဦး ဒဏ်ရာရ

ဟိုင်းလတ်ဆာ့ဖ်ကား တိမ်းမှောက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − Kyaw Win Facebook)
RangonNewsDaily:: May . 29 .2015
အမြန်လမ်းမိုင်တိုင် အမှတ် (၁၃၇) တွင် မေလ ၂၈ ရက်က တိုယိုတာဟိုင်းလတ်ဆာ့ဖ် တစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့ ပြီး လူတစ်ဦးသေဆုံးကာ နိုင်ငံခြားသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မှ မုံရွာသို့ သွားသည့် အိမ်စီးယာဉ်တစ်စီး ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ရှိ အမြန်လမ်းမိုင်တိုင် (၁၃၇) အနီး လမ်းဘေးသို့ ထိုးကျသွားခြင်းဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သူ မြန်မာ နိုင်ငံသားအမျိုးသားတစ်ဦး သေ ဆုံးပြီး သီရိလင်္ကာနိုင်ငံသား အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောသည်။


‘‘ယာဉ်မောင်းကတော့ ဆုံး သွားတယ်။ ဒဏ်ရာရတာက သီရိ လင်္ကာနိုင်ငံသား။ သူ့ကို အုတ် တွင်းဆေးရုံကနေ ရန်ကုန်ကို ပို့ လိုက်တယ်။ ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိပါဘူး’’ဟု ရဲမှူးကြီး နေ၀င်းက ပြောသည်။

သတ်မှတ်မိုင်နှုန်းထက် ပို မောင်းနှင်ခြင်းကြောင့် လမ်းဘေး သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ယာဉ်တိုက်မှုကို သွားရောက်စစ် ဆေးခဲ့သည့် ဗောဓိကုန်းအမြန် လမ်းရဲစခန်းမှ ရဲအုပ်ထွန်းထွန်း လင်းက ပြောကြားသည်။ ကား ကိုယ်ထည်မှာ ရုပ်ပျက်ဆင်းပျက် ပျက်စီးသွားသည်။

အမြန်လမ်းပေါ်တွင် ယခုနှစ်ဇန်န၀ါရီမှ မေလ ၂၈ ရက်အထိ ယာဉ်မတော်တဆမှုကြောင့် သေ ဆုံးသူ ၄၀ ဦးရှိပြီဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့(နေပြည် တော်)မှ သတင်းရရှိသည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment