Pages

Thursday, April 30, 2015

မူးယစ် မှောင်ခိုမှုနဲ့ သေဒဏ်ကျ နေသူ ၈ ယောက်ကို အင်ဒိုနီးရှား အစိုးရက ကွပ်မျက် လိုက်ပြီ


RangonNewsDaily:: April . 30 .2015
မူးယစ် မှောင်ခိုမှုနဲ့ သေဒဏ်ကျ နေသူ ၈ ယောက်ကို အင်ဒိုနီးရှား အစိုးရက ကွပ်မျက် လိုက်ပြီ ဖြစ်ပါတယ်။ 
အင်္ဂါ နေ့ည သန်းခေါင် ချိန် အလွန်မှာ ဂျားဗား အလယ်ပိုင်းဒေသက အကျဉ်းထောင် ကျွန်း တခု ပေါ်မှာ သူတို့ကို သတ်ဖြတ် ခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ကွပ်မျက် ခံကြရတော့မယ့် လူ ၉ ယောက်ရဲ့ နောက်ဆုံး အချိန်မှာ မိသားစုတွေက သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။







အဖြူရောင် ခေါင်းတလား အလွတ်တွေကို ထောင်ထဲ သယ်လာတဲ့ အချိန်မှာ မိသားစုတွေက အော်ဟစ် ငိုကြွေးခဲ့ကြပါတယ်။
-
သေဒဏ် ချမှတ် ခံရသူ ၉ ယောက်မှာ ၈ ယောက်က နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ သြစတြေးလျ နိုင်ငံသား ၂ ယောက် ပါဝင်ပါတယ်။
သူတို့အတွက် သြစတြေးလျ နိုင်ငံ ကန်ဘာရာ၊ ဆစ်ဒနီ နဲ့ ဘရစ်စ်ဘိန်း မြို့တွေမှာ ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။
-
ဒီလူတွေကို သက်ညှာခွင့် ပေးဖို့ နိုင်ငံတကာရဲ့ မေတ္တာ ရပ်ခံချက်တွေကို အင်ဒိုနီးရှားက လက်မခံဘဲ ကွပ်မျက်မှုတွေ ဆက်လုပ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
သေဒဏ် ချမှတ် ခံထားရသူ နောက်တစ်ဦး ဖြစ်တဲ့ ပြင်သစ် နိုင်ငံသားကတော့ အယူခံ ဝင်ထားဆဲ ဖြစ်ပါတယ်။
-
အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ် ဆေးဝါးကြောင့် နေ့စဉ် လူ ၃၃ ယောက် အသက် ဆုံးရှုံးနေရတယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။
သူတို့ကို သေဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ နိုင်ငံတကာက တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။
နဝမ မြောက် သေဒဏ်ကျ ဖိလစ်ပိုင် သူ Mary Jane Veloso ကိုတော့ သေဒဏ်က ဆိုင်းငံ့ထား လိုက်ပါတယ်။
သူ့ကို မူးယစ်ဆေး သယ်ခိုင်းဖို့ စည်းရုံး ခဲ့ပါတယ် ဆိုပြီး အမျိုးသမီး တယောက်က ကိုယ်တိုင် ဖိလစ်ပိုင် ရဲလက် အဖမ်းခံခဲ့ပြီးနောက် ခုလို ရွှေ့ဆိုင်း လိုက်တာ ဖြစ်ပါတယ်။
::
သြစတြေးလျ ၊ ဘရာဇီး၊ နိုင်ဂျီးရီးယား နဲ့ အင်ဒိုနီးရှား နိုင်ငံသား အမျိုးသားတွေကို သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။
BBC ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment