Pages

Sunday, March 1, 2015

အသက် ၈၈ နှစ်အဘွားအို စည်ပင် ကျူးကျော် ဥပဒေဖြင့် ထောင်တစ်လ ချမှတ်ခံရ


RangonNewsDaily:: March . 1 .2015
ဒက္ခိဏ သီရိမြို့နယ်၊ တမာပင် ကုန်းကျေးရွာနေ အသက် ၈၈ နှစ်ရှိ အဘွားဒေါ်တင် လှိုင်နေထိုင်သည့် အိမ်နေ ရာသည် ကျုးကျော် ဟုဆို ကာနေပြည်တော်စည်ပင် တရားရုံး ကထောင်ဒဏ်တစ်လ အပြစ်ပေးခဲ့ သည့်အတွက်နိုင်ငံတော် သမ္မတ ကရုပ်မြင်သံ ကြားနှင့်ရေဒီယို တို့တွင်ပြောကြားနေသော ဆင်း ရဲနွမ်းပါးမှု လျှော့ချရေးဆိုသည့် စကားမှာ ဆင်းရဲသားများကို ထောင်သွင်း အကျဉ်းချနေသ ကဲ့သို့ဖြစ်နေ သည်ဟုဒေါ်တင်လှိုင်က တရားရုံးသို့ မဝင်မီ မီဒီယာများ ကိုပြော သည်။
အဘွားအိုက'' အသက် ၈၈ နှစ်ထိ ဒီလိုကြုံတာ ပထမဆုံးပဲ၊ သမ္မတကြီး နဲ့တွေ့ ရင်ပြော ချင်တာ ကမြန်မာပြည်ပေါက် ဗုဒ္ဓ ဘာသာ တစ်ယောက် ဗမာ လူမျိုးက ကိုယ် ဝယ်ထား တဲ့အကွက်ထဲ မနေ ရဘူး။ ကျွန်မတို့ ဆင်းရဲသား ပပျောက်ရေးဆို ပြီးတော့ ဘယ်မှာ ဆင်းရဲ သားပပျောက် လို့လဲ။ သမ္မတကြီး ကျွန်မတို့ ဆင်းရဲ သားတွေ အပေါ်မှာ ဘယ်လို စီစဉ် လုပ်ထား တာတုန်း လို့မေးချင်တာ'' ဟုဆိုသည်။

ထို့အပြင် မည်သူ့အား အဖေခေါ်ရမှန်း မသိ၊ တရားရုံးတွင်လည်း မည်သို့မှရှင်းပြ ခွင့်မရဘဲ စည်ပင်သာ ယာ ဥပဒေ ပုဒ်မ- ၂၆ ဖြင့် တရားစွဲထောင်ချခံနေရပြီး သမ္မတ မိန့် ခွန်းနှင့် တကယ့်အဖြစ်အပျက်များသည် တခြားစီဖြစ်နေကြောင်းလည်း အဘွားအို က ဝေဖန်လိုက်သည်။

၎င်းက ''ဆင်းရဲမှု ပပျောက်ရေး ဆိုပြီးတော့ သူတို့ကျတော့ တိုက်နဲ့ကား နဲ့နေလို့ ကျွန်မတို့ ကျတော့ နင်းပြားဖြစ် ပြီးထောင် ခဏခဏ ချနေတာ။ အိမ်မှာလာ ကြည့်လှည့် ပါ၊ အိုးပေါက်နဲ့ ခွက်ပေါက်နဲ့ ချက်စားနေ ရတာ၊ ကျွန်မ တို့နေ ရတဲ့ အိမ်နဲ့ စားသောက်ရတဲ့ ဘဝကိုပြ လိုက်ချင်တာ'' ဟုပြောသည်။
::
ဒေါ်တင်လှိုင်သည် ၂ဝဝ၉ ခုနှစ်တွင် ၄င်းမြို့နယ် တမာပင် ကုန်းရွာသား တစ်ဦးထံမှ မိမိ သက်တမ်း ကုန်သည် အထိနေ ထိုင်ရန် အိမ်ဝိုင်းတစ်ဝိုင်းဝယ် ယူခဲ့ပြီးတဲ အိမ် တစ်လုံးဆောက်ကာ ယနေ့ အထိနေထိုင်ခဲ့ သည်ဟုဆို၏။ စည်ပင်ပိုင်နက်မြေ အပေါ် ကျူးကျော်သည်ဟု တရားစွဲခံရကာ ရုံးချိန်း ၁ဝ ချိန်းအပြီး ပြစ် ဒဏ်ချ ခံရခြင်းဖြစ် သည်။

လယ်ဝေးမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ နယ်မြေ (၁၃)၊ ရှမ်းစုအုပ်စု၊ ကြို့ပင်ရွာသူ ဒေါ်ညိုသည်လည်း မိမိပိုင်လယ်မြေ ၂၁ ဧကပေါ် တွင်နှစ်ပေါင်းလေး ဆယ်ကြာနေ ထိုင် ခဲ့သော်လည်း ကျူးကျော် ဟုဆို ကာနေပြည်တော် စည်ပင် တရားရုံးက စည်ပင် ဥပဒေ ပုဒ်မ ၂၆ ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တွင်ထောင် ဒဏ်တစ်လ အပြစ် ခံခဲ့ ရ ပြီးသော် လည်းထောင်က လွှတ်လာပြီး ရက်ပေါင်းနှစ် ဆယ်သာ ကြာချိန် စည်ပင်ဥပဒေ ပုဒ် မ ၂၇ဖြင့် ထပ်မံ တရား စွဲခံရကာ အဆိုပါ တရားရုံး သို့ရုံး ချိန်းရောက် ရှိနေ သည် ကိုတွေ့ရသည်။
::
အသက် ၈၂ နှစ်ရှိ အဘွား ဒေါ်ညိုက ''လယ်ကွင်း ထဲမှာနေတာ နှစ်ပေါင်းလေး ဆယ်ရှိပြီ၊ ၂ဝ၁၄ ဒီဇင်ဘာ လက ပုဒ်မ-၂၆ နဲ့ထောင်တစ်လ ချမှတ်ခံရ တယ်။နေအိမ် ဖယ် မပေးလို့ ကျူးကျော်ဆို ပြီးထောင်ချတယ်။ အမေက ဖယ်မပေးနိုင် ဘူး၊ အခု လည်း ဖယ်ပေးလိုက်တော့ အမေဘယ်နေရာ သွားနေရမလဲ'' ဟု ဆိုသည်။
::
အဘွား ဒေါ်ညိုသည် အိမ်ထောင်ဦးစီး မရှိတော့သည့်အပြင် သားသမီး များမှာ လည်း အိမ်ထောင် ကျသွား သည့်အတွက် ဆယ်တန်းကျောင်းသားမြေး တစ်ယောက်နှင့် အတူနေထိုင် လျက်ရှိသည်။အဘွားဒေါ်ညိုက ''ပြီးခဲ့တဲ့ ရာသီက လယ်မလုပ် ရဘူး ထောင်ကျနေလို့။ အခု တစ်ရာသီလည်း ဘယ်လိုဖြစ် မယ် မသိဘူး။ မြေးကလည်းဆယ် တန်း စာမေးပွဲ နီးနေပြီ'' ဟု ညည်တွားပြောသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment