Pages

Saturday, March 14, 2015

ခွင့်ပြုချက်ထက် ပိုမိုဆောက်ထားသည့် တော်ဝင် နှင်းဆီဆေးရုံ အထပ်ပိုများ ဖျက်သိမ်းရမည်

RangonNewsDaily:: March . 14 .2015
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီသတ်မှတ်ခွင့်ပြုထားသည့် အထပ် မြင့်ထက် ပိုမိုဆောက်လုပ်ထား သည့် တော်ဝင်နှင်းဆီဆေးရုံကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

တောင်ဝင်နှင်းဆီဆေးရုံအ ဆောက်အအုံကို စည်ပင်က ငါး ထပ်အမြင့်သာဆောက်လုပ်ခွင့် ပြုခဲ့သော်လည်း ခုနစ်ထပ်အမြင့် ထိသတ်မှတ်ခွင့်ပြုချက်ထက်ပိုမို ဆောက်လုပ်ထား၍ ဖျက်သိမ်းရန်အသိပေးအကြောင်းကြားစာ ပေးပို့ထားသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင် ကပြောသည်။

‘‘လောလောဆယ်တော့ သူ တို့က အမှုအခင်းတွေနဲ့ တရားရုံး မှာ ရင်ဆိုင်နေရတာမို့ အမှုတွေ ပြီးပြတ်တဲ့အချိန်မှာ ဖျက်သိမ်းမှာ ဖြစ်ပါတယ်’’ဟု မန္တလေးစည်ပင် အတွင်းရေးမှူးဦးခင်မောင်တင် က ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ဘူတာကြီးအနီးရှိ တော် ၀င်နှင်းဆီဆေးရုံကို နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ဂရိတ်ဝေါ ဦးတင်မောင်က ပိုင်ဆိုင်ခြင်းဖြစ် သည်။ တော်ဝင်နှင်းဆီဆေးရုံသုံး လွှာတွင် တရုတ်နိုင်ငံသားများ တ ရားမ၀င်ဆေးခန်းဖွင့်လှစ်မှုဖြင့် လက်ရှိအချိန်၌ တော်ဝင်နှင်း ဆီဆေးရုံမှာ ကျန်းမာရေးဝန်ကြီး ဌာန၏ ဆေးရုံလိုင်စင်တစ်နှစ် ပိတ်သိမ်းခံထားရပြီး ပြီးခဲ့သည့် ဇန်န၀ါရီမှစတင်ကာ ဆေးရုံမှာ ပိတ်သိမ်းထားသည်။

7DAY , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment