Pages

Sunday, January 4, 2015

ပဲခူးမြို့ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်တတ်ရောက်.


RangonNewsDaily:: January . 3 .2015
ပဲခူးမြို့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့် မွေးနေ့ အကြိုလူထုဟောပြောပွဲကို ဇန်န၀ါရီ (၃)ရက်နေ့  ညနေ ၄ နာရီက ပဲခူးမြို့ရွှေမော်ဓောစေတီ အနီးရှိမြောက်ဘက်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းပြောကြားခဲ့ သည်
။ဒေါ်အောင်ဆန်းစုကြည် က "ဗမာပြည်သူလူထုဟာဒီမိုကရေစီနဲ့ မထိုက်သေးဘူးတဲ့  အဲ့ လိုစကားပြောတဲ့ သူတွေရှိပါတယ်၊အဲ့ လိုပြောတဲ့ သူတွေကဒီမိုကရေစီမပေးချင်တဲ့ လူတွေပေါ့၊ မပေးချင်တဲ့ အခါကျတော့မတန်သေးဘူးလို့ ပဲပြောမှာပေါ့"ဟုပြောကြားခဲ့ သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က" ကျမကိုမေးရင် ဒီနိုင်ငံအတွက် ဆုတစ်ခုပဲတောင်းပါ၊ 


ဘယ်လိုဆုတောင်းမယ်ဆိုရင် ကျမတို့ ရဲ့ ပြည်သူပြည်သားတွေဟာ အဆင့် မြင့် တဲ့ လူသားတွေ ဖြစ်ဖို့ ပဲ ဒီဆုတစ်ဆုတည်းပဲကျမတောင်းမယ်၊ ဆုတစ်ဆုတည်းပေးမယ်ဆိုရင် အဲ့ ဒါနဲ့ ကိုအားလုံးလုံလောက်သွားတယ်" ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ - သော်ဟိန်းထက်/ဧရာဝတီ
KOLATT(PBDN)
RangonNewsDaily 


0 comments:

Post a Comment