Pages

Thursday, December 11, 2014

Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ


RangonNewsDaily:: December . 11 .2014
ဒီဇင်ဘာ ၁၀ ရက်နေ့က ဗိုလ်ချုပ်ဈေးရှေ့တွင် လူငယ်များဖွဲ့စည်းသော Food Not Bombs Myanmar ပန့်ခ်အဖွဲ့သည် အိမ်ခြေ ရာခြေမဲ့ အောက်ခြေလူတန်းစားများ၊ လမ်းပေါ် ပိုက်ဆံတောင်းနေကြသည့် သက်ကြီးရွယ်အို အဘိုးအဘွားများ၊ ဆင်းရဲချို့တဲ့သူများအတွက် အစားအသောက်လှူဒါန်းရန်ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ဂီတနှင့် အလှူငွေ ကောက်ခံကာ ပရဟိတလူမှုရေးလုပ်ငန်း ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါအဖွဲ့ဝင် ကျော်ကျော်နှင့် တွေ့ဆုံမေးမြန်းရာ “ကျွန်တော်တို့ တနင်္လာနေ့ ည ၇ နာရီလောက်
ဆိုရင် ဆူးလေခုံးတံတားအောက်မှာ အမြဲရှိတယ်။ ကျွန်တော်တို့ လှူဒါန်းဖို့ ၀ယ်နေတဲ့နေရာ ကတော့ ကုန်တိုက်တွေ၊ စူပါမားကတ်တွေ မဟုတ်ဘူး။


ဆင်းရဲချို့တဲ့တဲ့ လူတန်းစား တွေဆီက ၀ယ်တယ်။ ဆင်းရဲသားတွေကိုပဲ ပြန်လှူတယ်။ ကျွန်တော်
တို့အဖွဲ့လေး ဖွဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ဂီတာတီး ပြီးအလှူခံတာ ဒီတကြိမ်ဟာ ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်သည်”ဟု ပြောသည်။
::
ဆက်လက်ပြီး ၎င်းက “မနက်ဖြန်ဆိုရင် လှိုင်သာယာမှာ သွားလှူမှာဖြစ်တယ်။ ဆင်းရဲသောလူတန်းစားတွေ အတွက်
 အင်္ကျီ၊ လုံချည်အပြင် အစားအသောက်၊ ဆေးဝါးတွေလှူဒါန်းနိုင်အောင် ကြိုးစား
သွားမှာ ဖြစ်တယ်။ လူငယ်တွေ အသိပညာရှိအောင် ကြိုးစား သွားမှာဖြစ်တယ်။ တောင်းစားနေတဲ့ ကလေးတွေ၊ ကော်ရှူ နေတဲ့ကလေးတွေကို အဓိကထား လှူဒါန်းသွားမှာ ဖြစ်တယ်”ဟု ပြောပါသည်။

News Watch Journal ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment