Pages

Friday, September 19, 2014

ပရိုဘောက်စ်ကားများ ဂျပန်နိုင်ငံအတွက်သာ ထုတ်ထားခြင်းဖြစ်၍ မြန်မာနိုင်ငံနှင့် မသင့်လျော်ဟုပြော


RangonNewsDaily:: September . 18 .2014
ပရိုဘောက်စ်ကားများ ကို ဂျပန်နိုင်ငံတွင်သာအသုံးပြုရန် တိုယိုတာကားကုမ္ပဏီက ရည် ရွယ်ထုတ်လုပ်ခြင်းဖြစ်၍ မြန်မာ နိုင်ငံအခြေအနေနှင့် သုံးစွဲရန် မသင့်လျော်ကြောင်း တိုယိုတာ ကားတင်သွင်းဖြန့်ချိရောင်းချခွင့်ရရှိထားသည့် TTAS ကုမ္ပဏီ အ ထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းကပြောကြားသည်။‘‘တိုယိုတာမှာ ပရိုဘောက်စ် က အိတ်စ်ပို့မော်ဒယ် မဟုတ်ပါ ဘူး’’ ဟု ဦးမျိုးမြင့်သိန်းကပြော သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ပရိုဘောက်စ် တစ်ပတ်ရစ် ကားများမှာ ဂျပန်နိုင်ငံတွင်သုံးစွဲမှုသက်တမ်းကျော် လွန်၍ လေလံဈေးကွက်သို့တင် သွင်းကာ ကမ္ဘာ့နိုင်ငံများသို့ ပြန် လည် တင်ပို့ရောင်းချခြင်း ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ပရိုဘောက်စ် Brand New ကားများကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရန် အစီအစဉ်မရှိဟု သိရသည်။

ပရိုဘောက်စ် တစ်ပတ်ရစ် ကားများသည် လျှပ်စစ်ပိုင်းဆိုင် ရာ ဝါယာရင်း၊ ဓာတ်ဆီပိုက်များ၊အိတ်ဇောများ စသည်တို့ကို ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်သဖြင့် ပရိုဘောက်စ် ကားအချို့ မီးလောင်ရခြင်းဖြစ်ကြောင်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ များကပြောကြားသည်။
::
မြန်မာနိုင်ငံဈေးကွက်သို့ ဂျပန်နိုင်ငံမှတင်သွင်းမှုအများဆုံး တစ်ပတ်ရစ် ကားများတွင် ပရို ဘောက်စ်တင်သွင်းမှု အများဆုံး ဖြစ်ပြီး ဒုတိယနေရာတွင် ဘယ်လ်ဘာ၊ တတိယနေရာတွင် ဟွန်ဒါ ဖစ်ဖြစ်သည်ဟု ဂျပန် တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေးအဖွဲ့က ယခုနှစ်စပိုင်းက ၎င်း၏စစ်တမ်းတွင် ဖော်ပြထားသည်။

‘‘ဂျပန်မှာက ပရိုဘောက်စ် ကားတွေစီးရင် သေချာစစ်တယ်။ စနစ်တကျစီးတယ်။ ပုံမှန်ဆားဗစ်လုပ်တယ်။ မီးလောင်တာတွေ ဘာတွေ ဒီနိုင်ငံမှာလို မဖြစ်ဘူး’’ ဟု ရောင်နီဦးကားအရောင်းပြခန်း ပိုင်ရှင်ဦးအောင်ဝင်းကဆိုသည်။
::
အထူးသဖြင့် တင်သွင်းလာ သည့်ဂျပန်တစ်ပတ်ရစ်ကားများ အပေါ် လက်ရှိမော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက တိကျစွာ စစ်ဆေး သည့် မူဝါဒမရှိ၍အရည်အသွေးနိမ့် ဂျပန်တစ်ပတ်ရစ်ကားများ မြန်မာနိုင်ငံသို့ ဝင်ရောက်နေ ကြောင်း ၎င်းက ဝေဖန်သည်။

မြန်မာပြည်မှ ပရိုဘောက်စ် ကားများကိုနီးစပ်ရာဝပ်ရှော့များ သို့ လာရောက်ပြုပြင်
ရာတွင် ကုန်တင်ရန်နှင့် ဟိုင်းဝေးခရီးများသွားလာနိုင်ရန် ပြုပြင်တပ်ဆင်ပေးနေရပြီး ကားများ၏မူလလုပ်ဆောင်နိုင်စွမ်းထက် ပိုမိုလုပ်ပေးနေရသောကြောင့် ပရိုဘောက်
စ်ကားများ ကြံ့ခိုင်မှုအားနည်းခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရှိ အငယ်လေး
ဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကပြောသည်။
::
‘‘အဓိကကတော့ ဒီနိုင်ငံက ပရိုဘောက်စ်တွေက တစ်ဖက် နိုင်ငံမှာ အကြာကြီးသုံးလာပြီးမှ ဒီရောက်လာတာ။ မနိုင်ဝန်ထမ်း နေရတဲ့သဘောပေါ့’’ဟု အထက် ပါစက်ပြင်ဆရာကဆိုသည်။

မြန်မာနိုင်ငံတွင် ကားတင် သွင်းမှု မူဝါဒအပြောင်းအလဲပြု လုပ်အပြီး သုံးနှစ်အကြာ
တွင်ဂျပန် တစ်ပတ်ရစ်ကားအမျိုးအစား နှစ် သိန်းခွဲကျော် တင်သွင်းထားပြီဖြစ်ပြီး ဂျပန်နိုင်ငံမှ ကားတင်သွင်းမှု အများဆုံးသုံးနိုင်ငံတွင် နယူးဇီလန်နိုင်ငံနှင့် ရုရှားနိုင်
ငံပြီးပါက မြန်မာနိုင်ငံသည် တတိယ နေရာတွင်ရပ်တည်နေသည်။

7daydaily ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment