Pages

Friday, July 25, 2014

ပန်ဘဲတန်းမြို့နယ်တွင် ဈေးရောင်းချသူများနှင့် မြို့နယ်စည်ပင် ပဠိပက္ခဖြစ်ပွား


RangonNewsDaily:: July . 24 .2014 ၂၄.၇.၂၀၁၄ ညနေ ၃း၃၅ မိနစ်အချိန်တွင် ပန်ဘဲတန်းမြို့နယ် ရွေဘုံသာလမ်း အလယ်
လမ်းထိပ်တွင် အစ္စလာမ်ဘာသာဝင်များ ရမဒန်ဥပုသ်လ ၀ါဖြေမုန့်များရောင်း
ချနေသော ဈေးသည်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ အချင်းများ
မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ညနေ ၃နာ၇ီဈေးရောင်းချရန်သတ်မှတ်ထားခဲ့သော်လည်း မြို့နယ်
အုပ်ချုပ်ရေးမှုးနှင့် ၀န်ထမ်းများမှ ၃နာ၇ီဈေးရောင်းချခွင့်မပြုတော့ကြောင်း ၄နာ၇ီသို့ပြောင်းလဲသတ်မှတ်
လိုက်ပြီဖြစ်ကြောင်း ပြောဆိုကာ ရိုဇာ ဥပုသ်ဝါဖြေမုန့်များရောင်းချနေသော ဆိုင်များကို အတင်းအကျပ် သိမ်းဆည်းကာ ကားပေါ်တင်ဆောင်ခြင်း ၊ ဈေးဆိုင်များပြိုလဲ မှုများဖြစ်ပွား ဈေးဗန်းများကိုမှောက်ပြစ်ကာ
မ ကျေနပ်လျှင်ကြိုက်တဲ့နေရာသွားတိုင်ဟုပြောဆိုကာ ဈေးရောင်းချနေသူများ မှ မသိမ်းဆည်းရန်ပြော
ဆိုသော်လဲမရ ပဲ ရုန်းရင်းဆန်ခန်ဖြစ်ပွားခဲ့ပါသည်။
::
ဈေးသည်များထံမှ နေ့စဉ် ဈေးကောက် ဆိုင်သေး ၅၀၀ ၊ ဆိုင်ကြီး ၁၀၀၀ ခန့်နေ့စဉ်စည်ပင်ခ ။ သန့်ရှင်း

ရေးခွန် ဟုပြောဆိုကာ ဆိုင်အားလုံးထံမှ တရားဝင်ပုံစံဖြင့်ကောက်ခံနေသော်လည်း ယခုကဲ့သို့မင်းမဲ့
စရိုက်ဆန်ဆန် သတ်မှတ်ချိန် ၃နာရီ ကျော်လွန်မှာ လာရောက်ဖမ်းဆီခြင်းဖြစ်သည်။ 


ဈေးသည်အများစု ထံမှ ထိုင်ခုံများ ၊ မုန့်ဗန်းများ ၊ လမ်းပေါ်တွင် ပျံကျဲကာ လမ်းပိတ်ဆို့ မှုဖြစ်ပွားသည်
အထိ သိမ်းဆည်းမှုများကို ဈေးသည်အများစုမှမကျေမနပ်ဖြစ်ခဲ့ရသည်။

Photo: ရွေဘုံသာလမ်းအလယ်လမ်းတွင် မြို့နယ်စည်ပင်မှ ဈေးသည်များထံမှ ပစည်းများလိုက်လံသိမ်း
ဆည်းနေပုံ (Photo: ဖြုလေး)

KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment